
တောင်ကိုရီးယား သမ္မတကတော်ဟောင်းကို လာဘ်ထိုးမှုနဲ့ ဘာသာရေးအသင်းတော် ခေါင်းဆောင် ဟန်ဟက်ဂျာဟာ သြဂုတ် ၃၁ ရက်မှာ ဆိုးလ်ဗဟိုခရိုင် တရားရုံးက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ်ခံရပါတယ်။
ထုံးအီးလ်ဂယိုဘာသာရေးအဖွဲ့ရဲ့ ခေါင်းဆောင် ဟန်ဟက်ဂျာကို သမ္မတဟောင်း ယွန်းဆွတ်ခ်ယိုးရဲ့ အစိုးရအဖွဲ့နဲ့ ဩဇာလွှမ်းမိုးမှု ရယူဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံရေး ရန်ပုံငွေဆိုင်ရာနဲ့ လာဘ်ပေးလာဘ်ယူ ပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်လိုက်တာပါ။
ငြိမ်းချမ်းရေး မိခင်ကြီးလို့လည်း တင်စားခေါ်ဝေါ်ကြတဲ့ ဟန်ဟက်ဂျာဟာ သူတို့ ထုံးအီးလ်ဂယို အဖွဲ့ရဲ့ စီးပွားရေးအခွင့်အလမ်းတွေရဖို့ ကြားလူကနေတဆင့် သမ္မတကတော်ဟောင်း ဂင်မ်ဂွမ်ဟီးနဲ့ အာဏာရပါတီ လွှတ်တော်အမတ်ဟောင်း ခွန်းဆောင်းဒုန်းတို့ကို လက်ဝတ်ရတနာတွေ၊ တန်ဖိုးကြီး လက်ကိုင်အိတ်တွေအပါအဝင် အဖိုးတန်လက်ဆောင်တွေနဲ့ လာဘ်ထိုးဖို့ ဘာသာရေးအဖွဲ့ တာဝန်ရှိသူတွေကို ညွှန်ကြားခဲ့သလို နိုင်ငံရေးသမားတွေကို ငွေကြေးပေးမှုတွေမှာ ပါဝင်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။
အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဟန်ဟက်ဂျာကို ထောင်ဒဏ် ၁၃ နှစ်အထိ ပြစ်ဒဏ်ချပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး ဟန်ဟက်ဂျာကတော့ သူဟာ နိုင်ငံရေးကို စိတ်မဝင်စားဘဲ လက်အောက်ငယ်သားတွေက သူမသိဘဲ လုပ်ဆောင်ခဲ့တာပါလို့ ငြင်းဆိုထားပါတယ်။
ဟန်ဟာ ကျန်းမာရေး အခြေအနေကြောင့် အကျဉ်းထောင်ကနေ ခဏလွတ်မြောက်နေတာ ဖြစ်ပါတယ်။
Source:Reuters











