DVB Logo
Home
မြန်မာသတင်း
တောင်ဒဂုံပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သီးသန့် စစ်​​ဆေးသည့် အခန်းငယ်ထားရှိ
DVB
·
November 27, 2020
တောင်ဒဂုံပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ သီးသန့် စစ်​​ဆေးသည့် အခန်းငယ်ထားရှိ
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ  ပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ သီးသန့် စစ်ဆေးတဲ့  Swab Container အခန်းငယ်ထားရှိတယ်လို့ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမြတ်သူဝင်းက ပြောပါတယ်။

နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်ယူတဲ့ Swab Container အခန်းတွေကို ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနက အလှူရှင်တွေနဲ့ချိတ်ဆက်ကာ  Zeya and Associates Medical Systemsက လှူဒါန်းတာ ဖြစ်ပါတယ်။

ပထမအကြိမ်အနေနဲ့ မြောက်ဒဂုံ၊ ဒုတိယအကြိမ် ဒဂုံဆိပ်ကမ်းနဲ့ တတိယအကြိမ် တောင်ဒဂုံမြို့နယ်တို့မှာ လှူဒါန်းတာဖြစ်ပြီး အခုဆိုရင်မြို့နယ် ၃ နေရာမှာ  ထားရှိပြီးဖြစ်ပါတယ်။

  ဒီ Swab Container တွေထဲမှာ  ရေချိုးခန်း၊ PPEဝတ်စုံလဲတဲ့အခန်း၊ တို့ဖတ်ယူတဲ့အခန်းတွေနဲ့ အကာအကွယ်အပြည့်အစုံထားရှိထားတာပါ။

ဒဂုံဆိပ်ကမ်းမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါက်တာအေးမူယာကျော်က " PPEဝတ်ပြီး ရေချိုးမယ့်နေရာ တကူးတက သွားစရာမလိုတော့တဲ့အပြင် ပိုးသတ်ပြီးသားအခန်းတွေဖြစ်တဲ့ အတွက်ကြောင့် ကျန်းမာရေးဝန်ထမ်းတွေအတွက် အန္တရာယ်ကင်းတယ်”လို့ ပြောပါတယ်။

မြို့နယ်ကွာရန်တင်းစင်တာတွေမှာ အသုတ်လိုက်ခွဲကာ ၇ ရက်တစ်ကြိမ် နှစ်ခါစစ်ပေးရတာဖြစ်ပြီး ဒီ Container အခန်းငယ်မှာဆိုရင် မြို့နယ်ပြည်သူ့ဆေးရုံကိုလာပြအခါ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရှိတဲ့ လူနာတွေကို တစ်ခါတည်းစစ်ပေးတာလို့ သိရပါတယ်။

အိသဇင်ခိုင်

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013