DVB Logo
Home
မြန်မာသတင်း
မွန်မိခင်ဘာသာစကားအခြေပြုပညာရေးအတွက်  ကျပ်သိန်း ၂၀,၀၀၀ ခန့်သုံးစွဲနေ
DVB
·
November 27, 2020
မွန်မိခင်ဘာသာစကားအခြေပြုပညာရေးအတွက်  ကျပ်သိန်း ၂၀,၀၀၀ ခန့်သုံးစွဲနေ
Donate to DVB

မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ မိခင်ဘာသာစကားအခြေပြုတဲ့ ပညာရေးကဏ္ဍအတွက် နှစ်စဉ်ကျပ်သိန်း ၂၀,၀၀၀ လောက်  ကျခံသုံးစွဲနေတယ်လို့ သိရပါတယ်။

သင်ကြားရေးဆရာ၊ ဆရာမတွေရဲ့ လစာအပါအဝင် ရုံးဝန်ထမ်းလစာ၊ ကျောင်းတည်ဆောက်ပြုပြင်တာတွေ၊ သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်တွေ ရိုက်နှိပ်တာတွေနဲ့ ဆရာအတတ်သင်တန်းပေးတာတွေမှာ ကျခံသုံးစွဲနေရတာဖြစ်ပြီး အလှူရှင်တွေရဲ့ လှူဒါန်းငွေတွေနဲ့သာ ရပ်တည်နေရတာပါ။

ကလေးတွေရဲ့ပညာရေးကိစ္စတွေအတွက် အကူအညီတွေလည်း အများကြီးလိုအပ်နေပြီး နှစ်စဉ်လျာထားငွေ အပြည့်အဝရရှိအောင် ဆောင်ရွက်နေရတယ်လို့ မွန်အမျိုးသားပညာရေးကော်မတီ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောပါတယ်။

"မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ မိခင်ဘာသာစကားအခြေပြု ကလေးတွေရဲ့ ပညာရေးကိစ္စတွေကို လုပ်တဲ့အခါမှာ အကူအညီအများကြီးလိုအပ်တယ်။ အလှူရှင်တွေကိုလည်း အကူအညီတောင်းရသလို မွန်ရပ်ရွာ လူ့အဖွဲ့အစည်းတွေရဲ့ ပူးပေါင်းမှုက အရေးပါပါတယ်။ မွန်ရပ်ရွာ လူ့အဖွဲ့အစည်းတွေက တလျှောက်လုံး အများကြီးကူညီခဲ့တယ်။ မွန်ပြည်သစ်ပါတီရဲ့ ပူးပေါင်းဆောင်ရွက်မှု၊ မွန်အဖွဲ့အစည်းတွေဘက်နဲ့ ရပ်ရွာတွေဘက်က အကူအညီ၊ နိုင်ငံတကာအလှူရှင်တွေက လှူဒါန်းငွေတွေ၊ မွန်လူမျိုးတွေရဲ့ လူအား၊ ငွေအား အဖက်ဖက်က အကူအညီနဲ့ရပ်တည်ရတယ်။''

၁၉၇၂ ခုနှစ်ကစလို့ မွန်၊ ကရင်နဲ့ တနင်္သာရီတိုင်းဒေသကြီးတွေမှာ ဒေသန္တရအဖွဲ့အစည်းပိုင်ကျောင်းပုံစံနဲ့ ဖွင့်လှစ်ထားတဲ့ မွန်အမျိုးသားကျောင်းတွေက ဆရာ၊ ဆရာမတွေကို ထောက်ပံ့ပေးဖို့ မွန်အမျိုးသားပညာရေးကော်မတီအနေနဲ့ အခုနှစ် ဧပြီလကတည်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကတဆင့် အစိုးရထံ တင်ပြခဲ့ပေမယ့် လတ်တလောမှာ ဆိုင်းငံ့ခံထားရတယ်လို့ သိရပါတယ်။

''အလယ်တန်းနဲ့ အထက်တန်းအဆင့်တွေမှာ အစိုးရရဲ့သင်ရိုးညွှန်းတမ်းကိုပဲ ကျင့်သုံးတယ်။ ဘာသာစကားမတူတာကလည်း ဥပဒေနဲ့မညီတာ မဟုတ်ဘူး၊ လိုအပ်တဲ့ နေရာဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားကို သင်ကြားမှုဘာသာစကားအဖြစ် အသုံးချနိုင်တယ်ဆိုတဲ့ အမျိုးသားပညာရေးဥပဒေ ပြဋ္ဌာန်းချက်ရှိတယ်၊ ဇွတ်အတင်းလုပ်တာ မဟုတ်ဘူး၊ ဥပဒေနဲ့အညီလုပ်တာပါပဲ။ အစိုးရက အခြေခံပညာဦးစီးဌာနအောက်မှာရှိတဲ့ အစိုးရအုပ်ချုပ်မှုအောက်မှာမရှိတော့ ကူညီဖို့ အခက်အခဲရှိသေးတယ်'' လို့ မွန်ပညာရေးအစီအစဉ်ညှိနှိုင်းရေးမှူး မင်းအောင်ဇေက ပြောပါတယ်။

မွန်ပညာရေးကော်မတီလက်အောက်ခံ မွန်အမျိုးသားကျောင်းမှာ ကျောင်းပေါင်း ၁၃၃ ကျောင်းနဲ့ ကျောင်း၊ ဆရာဆရာမ ၇၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

ဝင်းနိုင်သက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013