
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ကြီး ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုတဲ့ ဆရာတော်၊ သံဃာတော်တွေကို သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရအဖွဲ့အကြီးအကဲတွေက ဒီနေ့မနက် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မှာ ကထိန်သင်္ကန်းနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းတွေ ဆက်ကပ်လှူဒါန်းကြပါတယ်။
ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမှာ လှူဖွယ်ပစ္စည်းတွေနဲ့ နဝကမ္မအလှူငွေ စုစုပေါင်းငွေကျပ် ၄၂၇ သိန်းကျော် လှူဒါန်းခဲ့တယ်လို့ သမ္မတရုံးက သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- President Office










