
ပုသိမ်ကြီး မြို့နယ် ကျောက်ချောရွာ အနီးရှိ ကျွဲနဖားကျေးရွာမှာ တောင်သူပိုင် လယ်ယာမြေတွေကို (၁၂၁) ထောက်ပံ့နှင့် ပို့ဆောင်ရေး တပ်ရင်း နို့စားနွား မွေးမြူရေး စီမံကိန်း ဧရိယာဆိုကာ ခြံစည်းရိုးလာခတ်တာကြောင့် ဒီနေ့မနက်က ပဋိပက္ခဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ပုသိမ်ကြီး မြို့နယ် ကျောက်ချောရွာ အနီးရှိ ကျွဲနဖားကျေးရွာမှာ မနက် ၄ နာရီလောက် လုံခြုံရေး အင်အား ၂၀၀ ကျော်က တောင်သူပိုင် လယ်မြေတွေကို ခြံစည်းရိုးဝင်ခတ်တဲ့အတွက် ပဋိပက္ခဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း အခုလို ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တောင်သူ ၁၀ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ပြင်ဦးလွင် မြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
Photo-Kaung Zaw Hein/MPA










