Home
မြန်မာသတင်း
ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉ ဦးကို မြန်မာဘက်က  ပြန်လွှတ်ပေး 
DVB
·
November 26, 2020
127180796_426266365062429_7122408276205695199_n
127167609_426266391729093_1325129944833734303_n
127099348_426266211729111_3688267259994165486_n
126283968_426266228395776_1816240410613717207_n
မြန်မာဘက်က ဖမ်းဆီးရမိထားတဲ့  ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသမား ၉ ယောက်နဲ့  ငါးဖမ်း စက်လှေတစ်စီးကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်ဖွဲ့တာဝန်ရှိသူတွေထံ   ပြန်လည် လွှဲပြောင်း ပေးအပ်လိုက်ပါတယ်။ ရခိုင်ပြည်နယ် မောင်တောမြို့ အမှတ်(၁) ဝင်ထွက်စခန်း POE (Point of Entry or Exit Camp)မှာ နိုဝင်ဘာ ၂၅ ရက် မနက်က ပြုလုပ်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင်ဆွေးနွေးပွဲမှာ  လွှဲပြောင်းပေးအပ်ခဲ့တာပါ။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "သူတို့က ခိုးဝင်လာတာတော့ မဟုတ်ဘူးဗျ။ ငါးဖမ်းလှေကစက်ပျက်လို့ မြန်မာဘက်ကိုဝင်လာတော့ ခိုးဝင်တယ်ထင်ပြီး ဖမ်းဆီးထားတာ ဖြစ်တယ်။ လှေမှာလည်းငါးဖမ်းပိုက်တွေပါတယ်။ ကိုဗစ်ကာလဆိုတော့ ကိုဗစ်စစ်ဆေးတယ်။ ချုပ်ထားပြီး ဟိုဘက်ကို အကြောင်းကြားတယ်။ ဟိုဘက်ကလည်း သူတို့ နေရပ်လိပ်စာမှတ်ပုံတင် တွေကို စစ်ဆေးတာ မှန်ကန်တဲ့အတွက် နှစ်နိုင်ငံသဘောတူညီချက်နဲ့ လွှဲပြောင်းပေးလိုက်တာ" လို့ ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၉  ဦးနဲ့ သစ်သားကိုယ်ထည်အမျိုးအစား  ငါးဖမ်းလှေတစ်စီးကို နိုဝင်ဘာ ၁ဝ ရက်က မြန်မာရေပိုင်နက် တုံးချောင်းဝအနီး စက်ပျက်ပြီး မျောပါနေစဉ် မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေက ငါးဖမ်းပိုက်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာလည်း ဖြစ်ပါတယ်။ နှစ်နိုင်ငံအလံတင်အခမ်းအနားကိုတော့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB)က  ၁ဝ ယောက်နဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ (BGP) က ၇ ယောက် တက်ရောက်ခဲ့ကြပြီး နှစ်နိုင်ငံနယ်စပ်ရေးရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ သတင်း - လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024