DVB Logo
Home
မြန်မာသတင်း
ချမ်းအေးသာဇံက ကိုဗစ်ပိုးတွေ့လူနာ ၁၀၀၀ ဖြင့် မန္တလေးတိုင်းတွင် ကူးစက်မှုအမြင့်ဆုံး မြို့နယ်ဖြစ်လာ
DVB
·
November 26, 2020
ချမ်းအေးသာဇံက ကိုဗစ်ပိုးတွေ့လူနာ ၁၀၀၀ ဖြင့် မန္တလေးတိုင်းတွင် ကူးစက်မှုအမြင့်ဆုံး မြို့နယ်ဖြစ်လာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၅ ရက်ည ၈ နာရီ ထုတ်ပြန်ချက်အရ ချမ်းအေးသာဇံမြို့နယ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၁,၀၀၀ ရှိလာခဲ့ပြီး မန္တလေးတိုင်းမှာ ကူးစက်မှုအမြင့်ဆုံးမြို့နယ် ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့်မို့ လတ်တလောအချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ထောင်ချီကူးစက်ခံရတဲ့ မြို့နယ်စုစုပေါင်း ၂၆ ခုထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အဲဒီမြို့နယ် ၂၆ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၃ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ်၊ ပဲခူးတိုင်းက တမြို့နယ်နဲ့ မန္တလေးတိုင်းက တမြို့နယ် ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၂ ခုကတော့ ရန် ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်နဲ့ မင်္ဂလာဒုံမြို့နယ်တွေဖြစ်ပြီး ၄,၃၁၇ ယောက်နဲ့ ၄,၁၂၃ ယောက်စီ အသီးသီး ကူးစက်ခံထားရတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ် တဲ့  လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၃,၇၅၄ ယောက်၊ ၃,၃၉၂ ယောက်၊ ၃,၂၅၄ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၆ ခုဖြစ်တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၆၁၉ ယောက်၊ ၂,၄၈၉ ယောက်၊ ၂,၂၈၂ ယောက်၊ ၂,၂၀၅ ယောက်၊ ၂,၁၇၀ ယောက်၊ ၂,၁၆၆ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ သာကေတ၊ ကြည့်မြင်တိုင်၊ မင်္ဂလာ တောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဒလ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗဟန်း၊ မှော်ဘီ၊ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့၊ လမ်းမတော်၊ မန္တ လေးတိုင်း၊ ချမ်းအေးသာဇံမြို့နယ်တွေက အစဉ်လိုက် ၁၅ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာ ခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၃,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၈၃,၅၆၆ ယောက်၊ သေဆုံးသူ ၁,၈၁၀ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၃,၃၆၆ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၆၀,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်းသန်း ၆၀ ကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၁ ဒသမ ၈ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013