DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့နယ်စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်နှင့်မိသားစု ၁၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
DVB
·
November 26, 2020
မောင်တောမြို့နယ်စခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင်နှင့်မိသားစု ၁၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် စခန်းမှူးအပါအဝင် ရဲတပ်ဖွဲဝင် ၉ ဦးနဲ့ မိသားစုဝင် ၂ ဦး စုစုပေါင်း ၁၁ ဦး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရတယ်လို့ မောင်တောခရိုင်ကျန်းမာရေးဌာနက သိရပါတယ်။

နိုဝင်ဘာ ၂၃ နဲ့ ၂၄ ရက်နေ့တွေမှာ မောင်တောမြို့နယ်စခန်းမှူးအပါအဝင် ရဲတပ်ဖွဲဝင် အယောက် ၅၀ အား Rapid test kit နဲ့ စစ်ဆေးရာမှာ  ရောဂါပိုးတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

မောင်တောခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက "ဟုတ်ပါတယ်။ ရဲစခန်းမှူးအပါအဝင် တပ်ဖွဲ့ဝင် ၅၀ ကို စစ်တာ စခန်းမှူးအပါအဝင် ၁၁ ဦး ပိုးတွေ့တယ်။ စခန်းက ကျန်တဲလူတွေ စစ်ဆေးရင်လည်း ပိုးဆက်တွေ့နိုင်သေးတယ်" လို့ ပြောပါတယ်။

မောင်တောမြို့နယ်အတွက် Rapid test kit အရေအတွက် ၈၀၀ လောက် ရရှိထားပြီး ၃၀၀ လောက်သာ ကျန်ရှိတောတဲ့အတွက် အရေးပေါ်စစ်ဆေးဖို့ ချန်ထားတာကြောင့် Positive လူနာတွေနဲ့ ထိစပ်ခဲ့သူတွေကို စစ်ဆေးဖို့ အခက်အခဲရှိနေတယ်လို့ ဒေါက်တာနုကေသီစံက ပြောပါတယ်။

မောင်တောမြို့မှာ ကိုဗစ်-၁၉ လူနာ ၂၇ ဦးရှိနေပြီး မောင်တောပြည်သူ့ဆေးရုံမှာ ၁၉ ဦး၊ အထက (၂) ယာယီဆေးရုံမှာ ၈ ဦး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013