DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၇၃၁ ဦးတွင် ရန်ကုန်က  ၁၀၈၄ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရရှိသူ ၃၅၅ ဦးပါဝင်
DVB
·
November 25, 2020
ကိုဗစ်လူနာသစ် ၁,၇၃၁ ဦးတွင် ရန်ကုန်က  ၁၀၈၄ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရရှိသူ ၃၅၅ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၇၃၁ ယောက်ထဲမှာ ရန်ကုန်တိုင်း က  ၁,၀၈၄ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ အင်းစိန်က ၉၅ ယောက်၊ ရွှေပြည်သာက ၇၆ ယောက်၊ မင်္ဂလာဒုံက ၇၅ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၃ ခု ပါဝင်နေ တာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၂၁ ခုမှာ ၁၆၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၄၆ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၅ မှာ ၁၂၄ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၄ ခုမှာ အယောက် ၇၀၊ မွန်ပြည်နယ်မြို့နယ် ၈ ခုမှာ ၈၅ ယောက်၊ မကွေးတိုင်းမြို့နယ်  ၁၅ ခုမှာ ၁၀၈ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၅ ခုမှာ ၁၇ ယောက်၊ တနင်္သာရီ တိုင်းမြို့နယ် ၂ ခုမှာ ၆ ယောက်၊ ကရင်ပြည်နယ်၊ ဘားအံမြို့မှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၁ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၂ ခုမှာ   ၂ ယောက်၊ ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ၁ ယောက်၊ နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၅၅ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအထိ နိုဝင်ဘာ ၂၄ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း  ၈၂,၂၃၆ ယောက်၊ သေဆုံးသူ ၁၇၈၄ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူ ပေါင်း ၆၀,၉၆၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာသန်း ၆၀ ကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၁ ဒသမ ၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013
ကိုဗစ်လူနာသစ် ၁,၇၃၁ ဦးတွင် ရန်ကုန်က  ၁၀၈၄ ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရရှိသူ ၃၅၅ ဦးပါဝင်