DVB Logo
Home
မြန်မာသတင်း
ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်ပြီး တိုင်စာပေါင်း ၄၀,၀၀၀ ခန့်ရရှိ  
DVB
·
November 25, 2020
ကိုဗစ်ထောက်ပံ့ကြေးနှင့်ပတ်သက်ပြီး တိုင်စာပေါင်း ၄၀,၀၀၀ ခန့်ရရှိ  
Donate to DVB

အစိုးရက အခြေခံလူတန်းစာတွေအတွက်ပေးတဲ့ ကိုဗစ် ထောက်ပံ့ကြေးနဲ့ပတ်သက်လို့ တိုင်ကြားနိုင်တဲ့ဌာနတွေ ကြေညာအပြီး ၁ ပတ်အကြာမှာ တိုင်စာပေါင်း ၄၀,၀၀၀ လောက် ရထားပြီး အားလုံးနီးပါးက ရန်ကုန်တိုင်းထဲက ဖြစ်တယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးက ဆိုပါတယ်။

ဝန်ကြီးဦးမင်းသူက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ဖော်ပြရေးသားထားတာဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်အထိ တိုင်ကြားစာပေါင်း ၃၇,၅၇၅ စောင်လက်ခံရရှိတာမှာ ၃၄,၉၇၈ စောင်ဟာ ရန်ကုန်တိုင်းထဲက ဖြစ်တယ်လို့ ဆိုပါတယ်။

တိုင်ကြားတာတွေနဲ့ပတ်သက်လို့ စတင်ဆောင်ရွက်နေပြီး နေပြည်တော်၊ ကချင်၊ ကယား၊ ကရင်နဲ့ ရှမ်းပြည်နယ်၊ တနင်္သာရီ၊ မန္တလေးနဲ့ ဧရာဝတီတိုင်းတို့မှာတော့  ရာခိုင်နှုန်းပြည့် ထောက်ပံ့ပြီးစီး သွားပြီလို့ ဆိုပါတယ်။

ချင်း၊ မွန်နဲ့ ရခိုင်ပြည်နယ်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေးနဲ့ ရန်ကုန်တိုင်းတို့မှာတော့ ၅ ရာခိုင်နှုန်းဝန်းကျင်ပဲ ထောက်ပံ့ဖို့ ကျန်နေတယ်လို့ ဝန်ကြီးက ဆိုပါတယ်။ 

ရန်ကုန်တိုင်းထဲက အိမ်ထောင်စု ၁၂ သိန်းကျော်၊ မန္တလေးတိုင်းထဲက အိမ်ထောင်စု ၁၀ သိန်းကျော်နဲ့ အများဆုံးထောက်ပံ့ထားတာဖြစ်ပါတယ်။

ကိုဗစ်ကာလ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံပြည်သူအိမ်ထောင်စုတွေကို အစိုးရငွေကြေးထောက်ပံ့တာ ဒါနဲ့ဆို ၄ ကြိမ်မြောက်ဖြစ်ပြီး အကြိမ်တိုင်းအငြင်းပွားတာတွေ ရှိခဲ့ပေမယ့် ဒီတကြိမ်မှာတော့ တိုင်ကြားနိုင်မယ့်ဌာနတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးက နိုဝင်ဘာ ၁၆ ရက်က ထုတ်ပြန်ကြေညာပေးခဲ့တာပါ။

အခု စတုတ္ထအကြိမ်မှာတော့ Stay at Home ပြင်ပမှာ ရှိတဲ့ အိမ်ထောင်စုတစုကို ကျပ် ၂၀,၀၀၀ နှုန်း၊ Stay at Home အတွင်းမှာရှိတဲ့  အိမ်ထောင်စုတစုကို ကျပ် ၄၀,၀၀၀ နှုန်းနဲ့ ထောက်ပံ့နေတာဖြစ်ပြီး အိမ်ထောင်စုပေါင်း ၆,၁၀၆,၇၆၁ အတွက် ထောက်ပံ့မှုတန်ဖိုးစုစုပေါင်း ကျပ် သန်းပေါင်း ၁၆၃,၀၀၀ ကို ထောက်ပံ့နေတာပါ။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက စတုတ္ထအကြိမ်ငွေကြေးထောက်ပံ့ရာမှာ မရရှိတဲ့သူတွေက ရပ်ကွက်ရုံးတွေမှာ လူစုလူဝေးနဲ့ စုရုံးတောင်းဆိုတာ၊ ဆန္ဒပြတာတွေလည်းရှိခဲ့ပါတယ်။

ဓာတ်ပုံ- မုန်းမုန်းမင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013