DVB Logo
Home
မြန်မာသတင်း
မြန်မာအပါအဝင် တရားမဝင်လုပ်သားများကို မလေးရှားအစိုးရက ဒဏ်ကြေးလျော့ပြီး နေရပ်ပြန်ခွင့်ပြုမည်
DVB
·
November 25, 2020
မြန်မာအပါအဝင် တရားမဝင်လုပ်သားများကို မလေးရှားအစိုးရက ဒဏ်ကြေးလျော့ပြီး နေရပ်ပြန်ခွင့်ပြုမည်
Donate to DVB

မလေးရှားနိုင်ငံအတွင်းရှိ  မြန်မာအပါအဝင် တရားမဝင်နိုင်ငံခြားသားလုပ်သားတွေကို ဒဏ်ကြေးလျော့ပေါ့ပေးပြီး  နေရပ်ပြန်ခွင့်ပြုသွားမယ်လို့ မလေးရှားအစိုးရက ကြေညာလိုက်ပါတယ်။

မလေးရှားအစိုးရအနေနဲ့  သူ့နိုင်ငံအတွင်းမှာ ရောက်ရှိနေတဲ့ မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသားလုပ်သားတွေကို လုပ်ငန်းရှင်ရှိတယ်ဆိုရင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်ပါမစ်ကို အလုပ်ရှင်တွေကနေတဆင့် လျှောက်ထားပြီး တရားဝင် အလုပ်လုပ်ကိုင်ခွင့်ကို ခွင့်ပြုပေးလာသလို သက်ဆိုင်ရာ နေရပ်နိုင်ငံတွေကို ပြန်မယ်ဆိုရင်လည်း ဒဏ်ကြေးလျော့ပေါ့ခွင့်နဲ့ ခွင့်ပြုပေး သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာလိုက်ပြီး ပါမစ်လုပ်ပေးတဲ့အစီစဉ်ကို  စတင်နေပီလို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သိရပါတယ်။

မလေးရှားအစိုးရရဲ့ ဒီလို ပါမစ်လုပ်ပေးမဲ့အစီအစဉ်နဲ့ ဒဏ်ကြေးလျော့ပေါ့ခွင့်ပေးမယ့် အစီအစဉ်တွေကို အခုနိုဝင်ဘာလကနေ လာမယ့်  ၂၀၂၁ခုနှစ် ၆ လပိုင်းလောက်အထိ ခွင့်ပြုပေးသွားဖို့ မလေးရှားအစိုးရက ကြေညာထားတာပါ။

ဒီအစီအစဉ်မှာ နေရပ်ပြန်ခွင့်ရဖို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို စာရင်းပေးထားတဲ့ မြန်မာတရားမဝင်မြန်မာလုပ်သား ၁၂,၀၀၀ ကျော်ရှိနေပါတယ်။

လက်ရှိမှာ မလေးရှားအစိုးရအနေနဲ့ ဒီလိုလျော့ပေါ့မှုတွေကို ပြန်လည်ခွင့်ပြုပေးနေသလို နိုင်ငံခြားသားအလုပ်သမားတွေလုပ်ကိုင်ရာ စက်ရုံတွေ၊ အဓိကလမ်းမကြီးတွေမှာတော့ တရားမဝင် လုပ်သားစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေကိုလည်း ပြန်လည်လုပ်ဆောင်နေပါတယ်။ 

မလေးရှားနိုင်ငံက ထိုင်းနိုင်ငံပြီးရင် မြန်မာလုပ်သား ဒုတိယအများဆုံးရွေ့ပြောင်းလုပ်ကိုင်ရာ နိုင်ငံဖြစ်ပြီး  မြန်မာရွေ့ပြောင်းလုပ်သား ၅ သိန်းကျော်လောက်ရှိနေတာပါ။ တရားမဝင်ဖြစ်နေတဲ့ မြန်မာ လုပ်သားက ၃ သိန်းလောက်ရှိနေတယ်လို့ မြန်မာသံရုံးက ခန့်မှန်းထားပါတယ်။ 

အဲ့လိုတရားမဝင်ဖြစ်နေတဲ့ လုပ်သားတွေထဲကမှ ဖမ်းဆီးခံရပြီးနောက် မလေးရှား နိုင်ငံခြားသား ထိန်းသိမ်းရေးစခန်းတွေမှာထိန်းသိမ်းခံရတဲ့ သူတွေနဲ့ ကျန်းမာရေးမကောင်းသူ တွေကိုတော့ လက်ရှိမှာ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်တာတွေ လုပ်ပေးနေပါတယ်။  

သတင်း - ဇာခြည် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013