DVB Logo
Home
မြန်မာသတင်း
၂ နှစ်ခွဲအတွင်း ညွှန်ချုပ်အဆင့်ရှိ အရာရှိ ၇၀ ကျော် ဖြုတ်ထုတ်ပြောင်း
DVB
·
August 14, 2013
၂ နှစ်ခွဲအတွင်း ညွှန်ချုပ်အဆင့်ရှိ အရာရှိ ၇၀ ကျော် ဖြုတ်ထုတ်ပြောင်း
Donate to DVB

သမ္မတဦးသိန်းစိန်ဟာ သမ္မတသက်တမ်း ၂ နှစ်ခွဲတာကာလအတွင်း ၀န်ကြီး၊ ဒုဝန်ကြီးတွေအပါအ၀င် ညွှန်ချုပ်အဆင့်ရှိ အရာရှိ ၇၀ ကျော် ဖြုတ်ထုတ်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရအဖွဲ့တွေမှာ ဒီနေ့အချိန်ထိ ပြောင်းရွှေ့ထုတ်နုတ်တာတွေရှိနေခဲ့ပြီး ဒီလိုပြောင်းရွှေ့ထုတ်ပယ်ခဲ့တာဟာ သမ္မတဦးသိန်စိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေထဲက လုပ်ဆောင်ချက်တခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီလိုဝန်ကြီးအဆင့်ထိ ပြောင်းရွှေ့ထုတ်ပယ်တာတွေဟာ အောက်ခြေက ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်လာဖို့ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“၀န်ကြီးတဦးချင်းရဲ့ စွမ်းဆောင်မှု အရည်အချင်းအရ ပြောင်းတာ ရှိတယ်။ တချို့ကျတော့လည်း သမ္မတကြီး ပြောသလိုပဲ စွမ်းဆောင်ရည် ညံ့ဖျင်းမှု၊ ပြည်သူ့ဆန္ဒကို အလေးပေးတာ အားနည်းမှု၊ နောက်တခါ လုပ်ထုံးလုပ်နည်းနဲ့ အညီမလုပ်လို့ ရာထူးကနေ အနားပေးလိုက်တဲ့ လူတွေရှိတယ်။ ဒါတွေကတော့ ဒီမိုကရက်တစ် လူမှုအဖွဲ့အစည်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ အဓိက အောက်ခြေက ၀န်ထမ်းအဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်။ ဒါကြောင့် သမ္မတကြီးက ၀န်ထမ်းအဖွဲ့အစည်းတွေကို အရည်အချင်းမြင့်မာဖို့ ဦးစားပေးတယ်။ သမ္မတကြီးအနေနဲ့ ပြောရမယ်ဆိုရင် ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူး၊ ဒုညွှန်ချုပ်တွေဆိုရင် သမ္မတကြီးက အကဲဖြတ်တဲ့ဟာတွေ၊ ပြန်လည်သုံးသပ်ပြီးတော့ အနားပေးတာ၊ ထုတ်ပယ်ပစ်တာ၊ ပြောင်းရွှေ့တာဝန်ပေးတာ ကျနော်ထင်တယ် ၇၀ ကျော်လောက်တောင် ရှိပြီ။”

၂ နှစ်ခွဲကာလအတွင်း ၀န်ကြီးတွေ ပြောင်းရွှေ့ခန့်အပ်တာတွေ များတဲ့အတွက် ပြောင်းလဲမှုတိုင်းမှာ အကျိုးအကြောင်းရှိဖို့လိုပြီး ပြောင်းလဲမှုအလွန်များပါက ပြဿနာတွေ ရှိလာနိုင်ကြောင်း ရန်ကုန်တိုင်းမ်မီဒီယာပိုင်ရှင် ဦးကိုကို(စက်မှု) က ပြောပါတယ်။

“သမ္မတကြီးက သူ့ရဲ့ reform (ပြုပြင်ပြောင်းလဲမှု) ဖြစ်စဉ်မှာ မလိုက်နိုင်တဲ့လူ သူထားခဲ့မယ်လို့ သူပြောသွားတယ်။ လူတွေက အပြောင်းအလဲ လိုချင်တော့လည်း ၀န်ကြီးတွေ ပြောင်းတာ ကြိုက်တာပေါ့ဗျာ။ ဖြစ်နေတဲ့ ပြဿနာက တချို့နေရာတွေမှာ နည်းနည်းလေ လွဲနေသလား မသိဘူး။ သမ္မတကြီးဆီရောက်တဲ့ အသံနဲ့ အောက်က ပြည်သူတွေရဲ့ အသံနဲ့ ကွာဟမှုတွေ ရှိသလား မသိဘူး။ ပြည်သူတွေ စိတ်ထဲမှာ ထင်နေတဲ့ ဒီဝန်ကြီးတွေ၊ ဒီဝန်ကြီးတွေ ဟာ ညံ့တယ်၊ ဖောင်းတွေတော့ များနေပြီ။ အ၀ါကတ်၊ အနီကတ်များနေပြီ။ ဒီလူတော့ နားသင့်ပြီဆိုတဲ့ လူက မနားဘူး၊ မထင်မှတ်တဲ့လူတွေ နားသွားတာ ကျနော်တို့ တွေ့တယ်။ ကျနော်တို့ အတွင်းကိစ္စ မသိနိုင်ဘူး။ လိုအပ်လို့ ဖြစ်ကောင်းဖြစ်မယ်။ သို့သော် ပြောင်းလဲမှုတိုင်းမှာ အကျိုးအကြောင်းရှိဖို့လိုတယ်။ ပြောင်းရွှေ့ခြင်းဟာ ကောင်းတယ်၊ ခဏခဏ ပြောင်းရွှေခြင်းဟာလည်း ကျနော် ခုနကပြောတဲ့ ဆိုးကျိုးတရားတွေ ဖြစ်လာနိုင်တယ်။”

မကြာသေးခင်က နိုင်ငံတော်သမ္မတရဲ့ စီးပွားရေအကြံပေးအဖြစ် ခံအပ်ခြင်းခံရတဲ့  ဒေါက်တာအောင်ထွန်းသက်က ကောင်းတဲ့ပြောင်းလဲမှုတွေဖြစ်အောင် ကြိုးစာသွားမယ်လို့ ပြောပါတယ်။

“သမ္မတကြီး အမိန့်ရှိသွားသလို လပေါင်း ၃၀ ကျန်တယ်၊ ၃၀ မှာ ဒါကို ထင်သာမြင်သာတဲ့ ပြည်သူတွေ အကျိုးရှိမယ့်ဟာတွေ ဆောင်ရွက်ဖို့ ကြိုးစားနေတာ။ ပြောင်းလဲမှုတွေက နေရာတိုင်း ဒီလိုပဲ ရှိတာပဲ။ ကောင်းတဲ့ ပြောင်းလဲမှု ဖြစ်အောင် ကျနော်တို့ ကြိုးစားရမှာပဲ။”

ဒီကနေ့  ပြည်ထောင်စုအဆင့် ဒုဝန်ကြီးတွေ အသစ်ခန့်အပ် ကတိသစ္စာ ခံယူတဲ့ အခမ်းအနားမှာလည်း သမ္မတက အစိုးရအဖွဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ပုဂ္ဂိုလ်ရေး၊ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနဲ့ အဂတိတရားတွေ ကင်းရှင်းအောင် စောင့်ထိန်းသွားကြဖို့ သတိပေးပြောကြားခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013