DVB Logo
Home
မြန်မာသတင်း
မဟာဘွဲ့နှင့် ကျမ်းပြုသင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြု
DVB
·
November 25, 2020
မဟာဘွဲ့နှင့် ကျမ်းပြုသင်တန်းများကို အွန်လိုင်းစနစ်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ပြု
Donate to DVB

မြန်မာနိုင်ငံတဝန်းရှိ  တက္ကသိုလ်၊ ဒီဂရီကောလိပ်နဲ့ ကောလိပ်တွေမှာ မဟာဘွဲ့နဲ့ ကျမ်းပြုသင်တန်းတွေကို အွန်လိုင်းစနစ်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်တယ်လို့  ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

တက္ကသိုလ်၊  ဒီဂရီကောလိပ်နဲ့  ကောလိပ်တွေမှာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း ဖွင့်လှစ်တဲ့ မဟာဘွဲ့နဲ့ ကျမ်းပြုသင်တန်းတွေက ကျမ်းကြီးကြပ်သူဆရာတွေနဲ့ကျမ်းပြုစုသူ ကျောင်းသားတွေအနေနဲ့ ကျမ်းပြုစုတဲ့ လုပ်ငန်းတွေကို work from home ၊ work from office  ပုံစံနဲ့ တစ်ဦးချင်းစီ အွန်လိုင်းစနစ်နဲ့ သင်ကြားသင်ယူကြဖို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တွဲဖက်ပါမောက္ခ ကျမ်းကြီးကြပ်သူ ဆရာစိုင်းခိုင်မျိုးထွန်း က  "ကိုဗစ်​ဖြစ်ပြီး ကျောင်းတွေပိတ်ခါစက online စနစ်နဲ့သင်ကြားပေးခဲ့တာတွေ ရှိပေမဲ့ ဆရာဆရာမတွေက အခန်းထဲစုပြီးသင်ပေးရတာကြောင့် လူစုလူဝေးဖြစ်တဲ့အတွက် အဲ့ဒီစနစ်ကို ဖျတ်သိမ်းလိုက်ပြီး လက်ရှိမှာ လူချင်းမထိတွေ့တဲ့ တစ်ဦးချင်း work from home ပုံစံ လုပ်လိုက်တာပါ။ ပညာရေးကို သွားနိုင်သမျှ ဆက်သွား​နိုင်ပြီး ကျောင်းသားနဲ့ စာ အဆက်အသွယ်မပြတ်ဖို့ စီစဉ်တာမို့  ကြိုဆိုပါတယ်''လို့ ပြောပါတယ်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာ ပါရဂူတန်း ကျောင်းသား ကိုအောင်ဆန်းဦးက "အစက ကျောင်းပိတ်တယ်ဆိုပြီး ဖြစ်ထားတော့ တစ်နှစ်အောက်မလားဆိုပြီး စိုးရိမ်ခဲ့ကြတယ်။ စာတမ်းဖတ် စာတမ်းတင်သွင်း Supervisor နဲ့ဆွေးနွေးပြီး ရေးရတာဆိုတော့ Online ကနေ ပြောရလည်း အဆင်ပြေပါတယ်။ အဓိက တစ်နှစ်မအောက်သွားလို့ သဘောကျပါတယ်'' လို့ပြောပါတယ်။

တက္ကသိုလ်ဒီဂရီကောလိပ်တွေအားလုံးကို မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားပြီး နောက်နေ့ မတ်လ ၂၄ ရက်ကစလို့  ပိတ်သွားခဲ့တာ အခုဆိုရင် နိုဝင်ဘာလ အထိ ၈လ ကြာခဲ့ပြီ ဖြစ်ပါတယ်။

သတင်း - နွေလှိုင်း(YU)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013