DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး
DVB
·
November 25, 2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ မရှိ စစ်ဆေး
1 / 7
Donate to DVB

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်တွေကို  နိုဝင်ဘာ ၂၃ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိဘူးလို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။

မကွေးတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးက "အစိုးရအဖွဲ့ဝန်ကြီးတွေ အပါဝင်၊ အစိုးရအဖွဲ့ အစည်းဝေးတက်ရောက်တဲ့ ဌာနဆိုင်ရာအကြီးအကဲတွေ၊ ယာဉ်မောင်းတွေ အပြင် အနီးစပ်ဆုံးနေတဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးရာမှာ ရောဂါပိုးမတွေရဘူး။ အစိုးရအဖွဲ့အနေနဲ့ တစ်ပတ်ကိုတစ်ကြိမ်လောက် အစည်းဝေးမှာ ထိတွေ့နေရတာဖြစ်သလို မကွေးတိုင်းအတွင်းမှာလည်း ဒေသတွင်းကူစက်မှုတွေရှိနေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စစ်ဆေးခဲ့တာ"လို့ ပြောပါတယ်။

မကွေးတိုင်းအတွင်းမှာ နိုဝင်ဘာလ ၂၄ ရက်နေ့ နေ့လည်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၅၃ ဦးတွေ့ရှိခဲ့တယ်လို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းမှာ  ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း  ၁၂၂၅ ဦးထိတွေရှိထားပြီး ဆေးရုံဆင်းခွင့်ရသူ ၉၂၂ ဦးရှိပြီးတော့ သေဆုံးသူက ၃ ဦးရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း - မင်းထီး၊ ဓာတ်ပုံ - ကိုထွေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013