
မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၂၅၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၈၀၉ ယောက်၊ မန္တလေးတိုင်းက ၁၅၆ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၅ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။
ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မြောက်ဉက္ကလာပက ၉၆ ယောက်၊ မင်္ဂလာဒုံနဲ့ မရမ်းကုန်းက ၆၂ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း ၄၁ ခုပါဝင်နေတာ ဖြစ်ပါတယ်။
တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၇ ခုမှာ ၁၅၆ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၈ ခုမှာ ၃၀ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၀ မှာ ၇၉ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၃ ခုမှာ ၆၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၅ ခုမှာ ၅၂ ယောက်၊ မကွေးတိုင်းမြို့နယ် ၆ ခုမှာ ၁၈ ယောက်၊ နေပြည်တော်၊ ဒက္ခဏသီရိမြို့နယ်မှာ ၁ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၈ ခုမှာ ၁၃ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၀ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၂ ခုမှာ ၈ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၃ ခုမှာ ၃ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၆ ယောက်၊ ချင်းပြည်နယ်မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ကယားပြည် နယ်၊ လွိုင်ကော်မြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။
ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၃ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစု ပေါင်း ၈၀,၅၀၅ ယောက်၊ သေဆုံးသူ ၁,၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၉,၈၈၈ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၉ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၄ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄၁ ဒသမ ၂ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။











