DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းကို ကွန်ကရစ် စခင်းနေ 
DVB
·
November 24, 2020
လွိုင်ကော်မြို့ရှိ ကယားဒေးကွင်းကို ကွန်ကရစ် စခင်းနေ 
Donate to DVB

ကယားပြည်နယ်ရဲ့ နေ့ထူးနေ့မြတ်ဖြစ်တဲ့ ကယားပြည်နယ်နေ့အခမ်းအနားကို နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လွိုင်ကော်မြို့ရှိ  ကယားဒေးကွင်းကို  ကွန်ကရစ်ခင်းတဲ့လုပ်ငန်း  နိုဝင်ဘာ ၁၆ ရက်နေ့က စတင်လုပ်ဆောင်နေပါတယ်။

ကယားပြည်နယ်နေ့ ပွဲတော်ကျင်းပရာမှာ အဆင်ပြေစေဖို့ ကွင်းကို ကွန်ကရစ်ခင်းတဲ့ လုပ်ငန်း တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီ ၃ ခုက လုပ်ငန်းတွေ စတင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

အဆိုပါကွင်းကို ကွန်ကရင်ခင်းဖို့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေနဲ့ တင်ဒါခေါ်ယူခဲ့တာမှာ ကုမ္ပဏီ ၃ ခုဖြစ်တဲ့ Royal cobbex ၊ Kayah Golden Brother နဲ့ Royal Thiri Daw ကုမ္ပဏီတို့က တင်ဒါရရှိပြီး ဆောင်ရွက်နေတာဖြစ်ပါတယ်။ 

လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဒု ညွှန်ကြားရေးမှူး အမှုဆောင်အရာရှိ ဦးသန်းထွန်းက “ မြို့ရဲ့အထင်ကရနေရာတခုဖြစ်တဲ့ ကယားပြည်နယ်နေ့ကွင်းမှာ လူထုတွေရဲ့တောင်းဆိုချက်၊ တင်ပြချက်အရ နှစ်စဉ် ကျနော်တို့ဒီပွဲကို ကျင်းပတဲ့နေရာမှာ ပွဲလာသူများ ကောင်းကောင်းမွန်မွန်နဲ့ သွားလို့လာလို့ ရောင်းလို့ဝယ်လို့ ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျနော်တို့ ဒီကယားဒေးကွင်း ဈေးဆိုင်ခန်းဘက်ခြမ်းကို ကျနော်တို့ ကွန်ကရစ်ခင်းဖို့ ဆိုတဲ့ လုပ်ငန်းတရပ် ဖြစ်လာတယ်ပေါ့နော်” လို့ပြောပါတယ်။

ကွန်ကရစ်ခင်းလိုက်တဲ့အတွက်  ကယားဒေးကွင်းနဲ့ ဆက်နေတဲ့ ကွန်ပြူတာ တက္ကသိုလ်သွားတဲ့လမ်းရဲ့အနောက်ဘက်ခြမ်းပါ  တခါတည်းနဲ့အဆင်လည်းပြေသွားမယ်လို့ ပြောပါတယ်။ 

ကယားဒေးကွင်း ရင်ပြင် ပေ ၂၀၀ - ၃၀၀ အကျယ် ကွန်ကရစ်ခင်းတဲ့ လုပ်ငန်းကို  Royal Cobbex ကုမ္ပဏီက တင်ဒါရရှိထားပြီး မူလ လျာထားငွေကတော့ ကျပ် ၁၇၈ ဒသမ ၂ သန်း ဖြစ်ပါတယ်။

ကယားဒေးပွဲတော်ကွင်းအတွင်း ကွန်ရစ်လမ်းခင်းတာကိုတော့  Kayah Golden Brother က ကျပ်သန်း ၁၃၈ ကျော်အသုံးပြုဖို့ လျာထားသလို Royal Thriri Daw ကုမ္ပဏီကလည်း ကျပ်  ၂၃၇ သန်း ကုန်ကျဖို့ လျာထားပါတယ်။ 

ကယားဒေးကွင်းကို အခုလို ကွန်ကရစ်ခင်းလိုက်တဲ့အတွက်  ပွဲတော်လာ တဲ့ပြည်သူတွေအတွက် အဆင်ပြေစွာ လည်ပတ်နိုင်မှာဖြစ်တယ်လို့ ရရှိလာမယ့် အကျိုးကျေးဇူးနဲ့ ပတ်ပတ်သက်ပြီး ဒု ညွှန်ကြားရေးမှူး  ဦးသန်းထွန်းက ပြောပါတယ်။

“ ဒီလိုမျိုးဆောင်ရွက်ခြင်းအားဖြင့် ပွဲတော်လာတဲ့ပြည်သူတွေအတွက်က အရမ်းကြီးကို ဖြောင့်ဖြောင့်ဖြူးဖြူးသာသာယာယာလေးနဲ့ ပွဲဈေးလည်ပတ်လို့ရတယ်။ နောက်တခု ကျနော်တို့ စည်ပင်သာယာပိုင်းကျတော့ အဲလိုမျိုးလမ်းလုပ်ပေးတဲ့ အခါကျတော့ လမ်းကို နေ့တိုင်းသန့်ရှင်းရေးလုပ်တဲ့အခါကျရင် အရမ်းကြီးကို လွယ်ကူတယ်။ နောက်တချက် အဲလိုမျိုးလမ်းနဲ့ သတ်မှတ်ပေးလိုက်တဲ့အခါကျတော့ ပွဲဈေးဆိုတာ တော်တော်များများ ကျူးကျော်တဲတွေ ကျူးလာတာများတယ်။ အဲလိုမျိုးလမ်းတွေနဲ့သတ်မှတ်ပြီးတော့ သူဘလောက်၊ သူ့ဘလောက် လုပ်ပေးတဲ့အခါကျတော့ ကျူးကျော်တွေမရှိတော့ဘူး။ နောက်တချက် မီးရေးထင်းရေးဖြစ်လာတဲ့အခါကျရင် အလွယ်တကူသွားလာလို့ရတယ်ပေါ့နော်။ ”

ကယားပြည်နယ်လွှတ်တော် ပြည်သူ့ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးအဖွဲ့ဝင် ဖရူဆိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်ကတော့ ဒီလုပ်ငန်းစီမံကိန်းနဲ့ပတ်သက်ပြီး သူ့အနေနဲ့မသိရှိခဲ့ရသလို ဒီကွင်းကိုလုပ်ဆောင်ဖို့ မသင့်သေးတဲ့ အနေထားတွေ့ရှိရတယ်လို့ ပြောပါတယ်။ 

“ အသေးစိတ်ကတော့ ကျနော်တချို့ဟာတွေက မသိလိုက်ရဘူးပေါ့နော်။ ကျနော်က ပြည်သူ့ ငွေစာရင်းစောင့်ကြည့်စစ်ဆေးရေးကော်မတီမှာပါခဲ့တယ်ဆိုပေမယ့် တချို့ဟာတွေက ကျနော်အချိန်ပြည့်မနေနိုင်တာလည်းပါတာပေါ့။ ဒါပေမဲ့ ဒီလုပ်ငန်းက တကယ်ပဲ လွှတ်တော်ကနေ အတည်ပြုဆုံးဖြတ်လိုက်တဲ့၊ ခွင့်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲကနေ တကယ်လုပ်မလုပ် နည်းနည်းစဉ်းစားစရာဖြစ်တာပေါ့။ တချို့ဟာတွေကျလို့ရှိရင် အစိုရ ဆုံးဖြတ်ချက်နဲ့ လုပ်သွားတာတွေအများကြီးရှိတယ်လေ။ ဆိုတော့ ကျနော်တို့က ဒီဟာနဲ့ပတ်သက်လို့ မလုပ်သင့်ဘူးလို့ မပြောလိုဘူး။ သို့ပေမယ့်လုပ်ဖို့အချိန်တန်ပြီလားပေါ့။ နောက်ပြီး အခုက ကိုဗစ်ကာလဖြစ်နေတဲ့အခါကျတော့ ဒီလိုပွဲကြီးပွဲကောင်းလုပ်ဖို့လည်း မဖြစ်နိုင်သေးတဲ့ အခါကျတော့ ဒီလိုနေရာမျိုးကို အလကား ပိုက်ဆံဖြုန်းနေတဲ့ပုံစံမျိုးဖြစ်နေသလားပေါ့နော်။ နောက်ပြီး ကျနော်တို့ကျေးလက် ပြည်သူတွေရဲ့လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ အများကြီးဆောင်ရွက်ဖို့လိုအပ်တယ်။”

အဆိုပါ ကယားဒေးပွဲတော်ကွင်းအတွင်း မြေနေရာကို ကွန်ရစ်ခင်းတဲ့လုပ်ငန်းတွေကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေနဲ့ဆောင်ရွက်နေတာဖြစ်ပြီး ကွန်ကရစ်ကို အထူ ၉ လက်မထု ခင်းသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013