DVB Logo
Home
မြန်မာသတင်း
MASK တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အကောင်အထည်မဖော်နိုင်ပါက ထိန်းချုပ်ရခက်သည့် ရောဂါပြန့်ပွားမှုဖြစ်နိုင်
DVB
·
November 24, 2020
MASK တပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်ကို အကောင်အထည်မဖော်နိုင်ပါက ထိန်းချုပ်ရခက်သည့် ရောဂါပြန့်ပွားမှုဖြစ်နိုင်
Donate to DVB

ပါးစပ်နဲ့နှာခေါင်းစည်း MASK မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှု စီမံချက်ကို ပီပီပြင်ပြင် အကောင်အထည်မဖော်နိုင်ရင် အင်မတန်ထိန်းချုပ်ရခက်တဲ့ ရောဂါပြန့်ပွား ကူးစက်တာတွေ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဒေါက်တာ မြင့်ထွေးက  ပြောပါတယ်။

မနေ့ကလုပ်တဲ့ တိုင်းနဲ့ပြည်နယ်အလိုက် ပါးစပ်နဲ့နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် အခြေအနေနဲ့ပတ်သက်တဲ့ Video conferencing ဆွေးနွေးပွဲမှာ ပြောတာပါ။

ပြည်သူတွေဟာ Mask နဲ့ မျက်နှာအကာတပ်ဆင်ရင် ကိုဗစ်-၁၉ ကူးစက်တာကို ထိထိရောက်ရောက် ကာကွယ်နိုင်တာသိပေမယ့် တကယ်လုပ်တာ အားနည်းကြတယ်ပြီး စည်းကမ်းမလိုက်နာသူတွေကို အရေးယူဖို့လိုတယ်လို့ တိုင်းနဲ့ပြည်နယ် ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေး ဦးစီးမှူးတွေကလည်း အစည်းအဝေးမှာ ပြောပါတယ်။

ဒီစီမံချက်ကို ဈေးတွေ၊ အဝေးပြေးကားဂိတ်တွေ၊ လူစည်ကားရာနေရာတွေမှာ လုပ်နေပြီး ရထားတဲ့ Mask နဲ့ မျက်နှာအကာတွေကို မြို့နယ်တွေကို ဖြန့်ဝေပေးထားသလို ဆေးရုံပြင်ပလူနာဌာနတွေမှာ လာပြသူတွေမှာ မတပ်ထားရင်လည်း ပံ့ပိုးပေးအပ်နေတယ်လို့ ဆိုပါတယ်။

Mask တပ်ကြဖို့ နှီးနွှယ်ဌာနဆိုင်ရာတွေ ယာဉ်ထိန်းရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး လူတွေဟာ Mask နဲ့ မျက်နှာအကာတပ်ဆင်ရင် ကိုဗစ်-၁၉ ကူးစက်တာကို ထိထိရောက်ရောက် ကာကွယ်နိုင်တာကို သိပေမယ့် လိုက်နာတာ အားနည်းကြတယ်လို့လည်း ပြောပါတယ်။

Mask နဲ့ မျက်နှာအကာတွေ၊ လက်ကိုင်အသံချဲ့စက်တွေနဲ့ ကိုဗစ် အမြန်စစ်ကိရိယာ Rapid Antigen Diagnosis Test Kit တွေ ထပ်လိုနေတယ်လို့လည်း သူတို့က တင်ပြပါတယ်။

ပြီးတော့ Mask နဲ့ မျက်နှာအကာတွေ ပေးနေတာသာမက ရေရှည်မှာ ကိုယ်တိုင် အသိရှိရှိ ကျင့်သုံးကြဖို့အတွက် စည်းကမ်း မလိုက်နာသူတွေကို အရေးယူဖို့လည်း အကြံပြုခဲ့ကြပါတယ်။

စီမံချက် အစပိုင်းကာလမှာ ဝန်ကြီးဌာနအနေနဲ့ အစွမ်းကုန်ရနိုင်တဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် သုံးရမှာဖြစ်ပြီး လူစုလူဝေးလုပ်တာ၊ Mask မတပ်တာ စတဲ့ ကိုဗစ် ကာကွယ်ရေး စည်းကမ်းမလိုက်နာသူတွေကိုခေါ်ပြီး လက်ကိုင်အသံချဲ့စက်နဲ့ ကျန်းမာရေး အသိပေးတဲ့ လုပ်ငန်းတွေမှာ လုပ်အားပေးလုပ်ခိုင်းမယ်ဆိုရင် ပိုပြီး ထိရောက်မယ်လို့လည်း ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013