DVB Logo
Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ကုလလူ့အခွင့်အရေးနှင့်စီးပွားရေး ထူးချွန်ဆုရရှိ 
DVB
·
November 24, 2020
မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့ ကုလလူ့အခွင့်အရေးနှင့်စီးပွားရေး ထူးချွန်ဆုရရှိ 
Donate to DVB

ထိုင်းနိုင်ငံရောက် ရွေ့ပြောင်းမြန်မာအလုပ်သမားအရေးကို တစိုက်မတ်မတ် ဆောင်ရွက်လာတဲ့ မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားကွန်ရက် (MWRN) အဖွဲ့ဟာ United Nation Forum on Business and Human Right နှစ်ပတ်လည် အစည်းအဝေးကရွေးချယ်လိုက်တဲ့ ၂၀၂၀ ပြည့်နှစ် အတွက် လူ့အခွင့်အရေးနဲ့ စီးပွားရေးထူးချွန်ဆုကို ရရှိခဲ့ပါတယ်။ 

အဆိုပါဆုကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေရဲ့ ထူးချွန်တဲ့ကြိုးပမ်း လုပ်ဆောင်မှုတွေကို  အသိအမှတ်ပြုတဲ့အနေနဲ့ ပေးအပ်တာဖြစ်ပြီး အဖွဲ့ရံပုံငွေအတွက် အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ချီးမြှင့်မယ့်အကြောင်း အမေရိကန်အခြေစိုက် ဆုချီးမြှင့်ရေးဘုတ်အဖွဲ့ United Nation Forum on Business and Human Right ကနိုဝင်ဘာ ၁၇ ရက်နေ့မှာ ကြေညာခဲ့တာပါ။

အခုလို ဆုရတဲ့အကြောင်းဟာ သူတို့အဖွဲ့အစည်းအနေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့ရတဲ့  အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရတဲ့ ပြဿနာအပါအဝင် အခက်အခဲမျိုးစုံကို  ဆယ်နှစ်ကျော် တစိုက်မတ်မတ်ကူညီဆောင်ရွက်ခဲ့သလို တဘက်ကလည်း အသိပညာပေးရေး လုပ်ငန်းနဲ့ အလုပ်သမားအခွင့်အရေးအတွက် သက်ဆိုင်ရာကို တောင်းဆိုခြင်းတွေ ဆောင်ရွက်ခဲ့ တာကြောင့် ရရှိခဲ့ခြင်းဖြစ်ပြီး ဆုကြေးငွေဟာလည်း  အလုပ်သမားကူညီရေး ပညာပေးရေးလုပ်ငန်း တွေ ဆက်လက်ဆောင်ရွက်သွားဖို့ ရံပုံငွေတွေဖြစ်တယ်လို့  ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေး ကွန်ရက်အဖွဲ့ MWRN စည်းရုံးရေးတာဝန်ခံ ကိုဇော်က ဒီဗွီဘီကို ပြောပါတယ်။ 

“ကျနော်တို့အဖွဲ့က အလုပ်သမားတွေကိုယ်တိုင် ဦးဆောင်တဲ့အဖွဲ့ဖြစ်တယ်။ ကိုယ်တိုင် လှုပ်ရှားတယ်ဆိုတော့ ဒီလိုနိုင်ငံတကာက အသိအမှတ်ပြုခံရတော့ အတိုင်းမသိ ဝမ်းသာရတာ ပေါ့နော်။ ဆုပေးပွဲကတော့ ကိုဗစ်-၁၉ ရောဂါကြောင့် တက်ယူနိုင်မှာမဟုတ်ပါဘူး။ ဆုငွေကတော့ ရှေ့ဆက်ပရောဂျက်တွေ ဆက်လုပ်ဖို့ပေးတာပါ။ အလုပ်သမားအခွင့်အရေး လုပ်ငန်းတွေအပြင် လူထုခေါင်းဆောင်တွေ တိုးပွားလာအောင် ဖော်ထုတ်ရမယ်၊ အသိပညာပေးရမယ်။ သင်တန်းတွေ ပေးရမယ်။ အထူးသဖြင့် အမျိုးသမီးခေါင်းဆောင်ပေါ်ထွန်းရေးတွေပေါ့။”

MWRN အဖွဲ့အနေနဲ့ မြန်မာရွေ့ပြောင်း အလုပ်သမားအခက်အခဲတွေကို ကူလာတာ အကြီးမားဆုံးကေ့စ်တစ်ခုကတော့   လွန်ခဲ့တဲ့ ၂၀၁၈ လောက်ကနေ အချိန် ၂ နှစ်ကျော်ပေးပြီး ဆောင်ရွက်ခဲ့ရတဲ့ ခက်ခွန်း အီလက်ထရော နစ်စက်ရုံက ကိစ္စဖြစ်ပြီး အလုပ်သမားအနေနဲ့ ဘတ်သန်းပေါင်း ၁၈၀  လျော်ကြေးပြန်ရခဲ့တယ်လို့  MWRN စည်းရုံးရေးတာဝန်ခံ ကိုဇော်က ပြောပါတယ်။ 

 MWRN က မြန်မာရွေ့ပြောင်းလုပ်သားတွေအတွက် ဆောင်ရွက်ခဲ့တဲ့ အမှုတွေမှာ  ၂၀၁၉ ဩဂုတ်လ ၁ရက်ကနေ ၂၀၂၀ စက်တင်ဘာ ၃၀ ရက်အတွင်း လူမှုဖူလှုံရေးခံစားခွင့်၊ စာရွက်စာတမ်းအမှု၊ ယာဉ်တိုက်မှု၊ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု၊ အလုပ်ထုတ်ခံရမှု၊ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ အလုပ်လက်မဲ့ဖြစ်မှု၊  ရာဇဝတ်မှု စသဖြင့် စုစုပေါင်း ၈၇ မှုရှိခဲ့ပြီး ရသင့်ရထိုက်တဲ့ခံစားခွင့် ဘတ်ငွေ ၁  သန်းကျော် ပြန်ရခဲ့တယ်လို့  သိရပါတယ်။ 

သူတို့အဖွဲ့ဟာ အမျိုးသမီးစွမ်းရည်မြှင့်တင်တဲ့အနေနဲ့ ဒီနှစ်ထဲမှာ အဖွဲ့ရဲ့ ဥက္ကဋ္ဌ အဖြစ် မခင်မာချိုဆိုသူ ရွှေ့ပြောင်းအလုပ်သမားတစ်ဦးကို ရွေးခြယ်တင်မြှောက်ခဲ့တယ်လို့ ဆိုပါတယ်။ 

MWRN ဟာ မဟာချိုင်ရောက်ရွှေ့ပြောင်းအလုပ်သမားတွေစုစည်းပြီး လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ လူထုအခြေပြုအဖွဲ့အစည်းဖြစ်ပါတယ်။ မဟာချိုင်မှာ အခြေပြုပေမယ့် ထိုင်းတောင်ပိုင်းရော မြောက်ပိုင်းမှာပါ အဖွဲ့ဝင်အလုပ်သမားတွေရှိပြီး  လက်ရှိအဖွဲ့ဝင် ၁၀,၀၀၀ ကျော်ရှိသွားပြီဖြစ်ပါတယ်။ 

ဓာတ်ပုံ- MWRN

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013