
နိုဝင်ဘာ ၂၄ ရက်နေ့အတွက် ငွေလဲလှယ်နှုန်းထားတွေကတော့ အမေရိကန် ၁ ဒေါ်လာကို ၁၃၁၂.၅ ကျပ်၊ ၁ ယူရိုငွေကို ၁၅၅၈.၉ ကျပ်၊ စင်ကာပူ ၁ ဒေါ်လာကို ၉၇၇.၈၀ ကျပ်၊ ဂျပန်ယန်း ၁၀၀ ကို ၁၂၅၈.၄ ကျပ်၊ တရုတ် ၁ ယွမ်ကို ၁၉၉.၅၉ ကျပ်၊ မလေးရှား ၁ ရင်းဂစ်ကို ၃၂၁.၀၂ ကျပ်၊ ထိုင်း ၁ ဘတ်ကို ၄၃.၂၄ ကျပ် အသီးသီး ဈေးပေါက်ပါတယ်။
(ကိုးကား – မြန်မာနိုင်ငံတော်ဗဟိုဘဏ်)
ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီရွှေဈေး ၁ ကျပ်သားကို ရောင်းဈေးကတော့ ၁,၃၀၂,၀၀၀ ကျပ်၊ ဝယ်ဈေးကတော့ ၁,၃၀၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ ကမ္ဘာ့ရွှေဈေးကွက်မှာတော့ ၁ အောင်စကို ၁၈၃၀ ဒေါ်လာ ဈေးပေါက်ပါတယ်။
(ကိုးကား - ရွှေစင်အကယ်ဒမီ)











