DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရက်ဆီ တင်လာသည့် ၂၂ ဘီးကား မီးလောင်
DVB
·
November 24, 2020
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အရက်ဆီ တင်လာသည့် ၂၂ ဘီးကား မီးလောင်
1 / 6
Donate to DVB

ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၅၇ မိုင် ဖာလုံနဲ့ ၅ ဖာလုံကြားမှာ နိုဝင်ဘာ ၂၄ရက် မနက် ၁ နာရီ ၅ မိနစ်က ၂၂ ဘီးကား မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ၂၂ ဘီးကားဟာ အရက်ဆီပေပါတွေ တင်ဆောင်လာတဲ့ ကားဖြစ်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးကာထားတဲ့ သံဖရိန် Guard Rails ကို ဝင်တိုက်ကာ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ရာသို့ မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒု-တိုင်းမီးသတ်ဦးစီးမှူး ဦးဆောင်ပြီး အမရပူရမြို့နယ် မီးသတ်တပ်ဖွဲ့၊ ပြည်ကြီးတံခွန်မီးသတ်တပ်ဖွဲ့၊ စဉ့်ကိုင်ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တွေ၊ စကားအင်းအမြန်လမ်း နယ်မြေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ စဉ့်ကိုင်မီးသတ် တပ်ဖွဲ့၊ ပုလိပ်မီးသတ်တပ်ဖွဲ့ဝင်တွေ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၂ နာရီမှာ မီး လုံးဝငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ၂၂ ဘီးတွဲကားခေါင်းခန်းနဲ့ အရက်ဆီပေပါ အလုံး ၆၀  လောက် ဆုံးရှုံးမှုတန်ဖိုး ကျပ်  ၂၈ သိန်းဖိုးလောက် ရှိခဲ့ပါတယ်။

ဒီယာဉ်မတော်တဆမှုနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ယာဉ်မောင်းကို တံတားဦးမြို့မရဲစခန်းမှာ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉/၂၈၅အရ အမှုဖွင့် စုံစမ်းနေပါတယ်။

သတင်း - သော်တာ၊ ဓာတ်ပုံ - မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013