DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းအခြေအနေ ပိုသိရန် မိုးလေ၀သ ရေဒါ ၃ လုံး တပ်ဆင်မည်
DVB
·
August 14, 2013
Donate to DVB

မုန်တိုင်းအခြေအနေကို ပိုပြီးသိနိုင်မယ့် မိုးလေ၀သရေဒါ ၃ လုံးကို ဂျပန်အစိုးရ အကူအညီနဲ့ ဒီနှစ်ထဲ စတင်တပ်ဆင်သွားဖို့ရှိပြီး ပထမဆုံးတလုံးကို ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ တပ်ဆင်သွားမယ်လို့ မိုးလေ၀သဌာန ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောပါတယ်။

လာမယ့်အောက်တိုဘာလကစပြီး ကျောက်ဖြူမြို့မှာ တပ်ဆင်သွားမှာဖြစ်ပြီး ၂၀၁၄ ခုနှစ်ထဲ အဲ့ဒီမိုးလေ၀သရေဒါကို စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အလိုအလျောက်မိုးလေ၀သတိုင်းတာစက် အလုံး ၃၀ ကိုလည်း ဂျပန်အကူအညီနဲ့ နိုင်ငံတ၀န်း တပ်ဆင်သွားဖို့ ရှိပါတယ်။

မိုးလေ၀သရေဒါတွေ တပ်ဆင်ပြီးရင် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းတွေကို ကြိုတင်ခန့်မှန်းနိုင်ပြီး သဘာဝဘေးအန္တရာယ်တွေကနေ ကြိုတင် ရှောင်ရှားနိုင်ကြမှာ ဖြစ်ပါတယ်။

ဗီယက်နမ်ကမ်းခြေကို ဖြတ်သန်းတိုက်ခတ်နေတဲ့ UTOR မုန်တိုင်းရဲ့ အကြွင်းအကျန်တိမ်တိုက်တွေဟာ မြန်မာနိုင်ငံအရှေ့ပိုင်းဒေသကို ဖြတ်သန်းဖို့ရှိတာကြောင့် မိုးပိုလာလိမ့်ဦးမယ်လို့ ဦးချစ်ကျော်က ပြောပါတယ်။

ရေကြီးခဲ့တဲ့ ကရင်ပြည်နယ်မှာ မိုးပိုလာဖို့ရှိပေမယ့် ရေကြီးတဲ့အဆင့်ထိ မိုးရွာဖို့တော့ မရှိဘူးလို့လည်း သူက ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်မြောက်ပိုင်းဒေသတွေ မိုးကြီးဖို့ရှိပြီး လတ်တလောမှာတော့ မြန်မာပြည်အလယ်ပိုင်းဒေသတွေ မိုးရွာနေပါတယ်။

ကရင်ပြည်နယ်ထဲ ရေ၀င်နေတဲ့ ရပ်ရွာတွေမှာ မိုးပိုလာမှာကြောင့် တော်ရုံနဲ့ ရေမဆင်းဘဲ ရေတင်နေဦးမယ်လို့ ဦးချစ်ကျော်က ခန့်မှန်း ပြောကြားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013