DVB Logo
Home
မြန်မာသတင်း
ဧရာဝတီစင်တာက ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် မြို့နယ် ၃ ခုထပ်တိုးဖွင့်လှစ် 
DVB
·
November 24, 2020
ဧရာဝတီစင်တာက ကိုဗစ်-၁၉ စစ်ဆေးနိုင်သည့် မြို့နယ် ၃ ခုထပ်တိုးဖွင့်လှစ် 
Donate to DVB

ဧရာဝတီ Tests & Care စင်တာအနေနဲ့  ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးနိုင်ဖို့ မြို့နယ် ၃ ခုထပ်မံတိုး မြှင့်လက်ခံလိုက်တဲ့အတွက် လက်ရှိမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက စုစုပေါင်း မြို့နယ် ၈ မှာ ပြည်သူတွေအနေနဲ့  စစ်ဆေးနိုင်ပြီ ဖြစ်ပါတယ်။

အစပိုင်းက သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တာမွေ၊ တောင်ဥက္ကလာပမြို့နယ် ၅ ခုမှာ နေထိုင်တဲ့ ပြည်သူတွေကို ဧရာဝတီစင်တာမှာ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ ခွင့်ပြုပေးထားခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ဗဟန်း၊ မရမ်းကုန်းနဲ့ စမ်းချောင်းမြို့နယ် ၃ ခုကို ထပ်မံ တိုးမြှင့်လိုက်တာဖြစ်ပြီး အဆိုပါမြို့နယ်တွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ ဒီကနေ့က စတင်ပြီးတော့ စစ်ဆေးနိုင်မှာ ဖြစ်ကြောင်း ဧရာဝတီဖောင်ဒေးရှင်းက နိုဝင်ဘာ ၂၃ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိ စစ်ဆေးနိုင်မယ့် Tests & Care ဧရာဝတီစင်တာကိုတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အောက်တိုဘာ ၁၂ ရက်က စတင် ဖွင့်လှစ်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဆရာဝန်၊ သူနာပြုတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေး စစ်ဆေးပေးခဲ့ကာ အနီးနားမြို့နယ် ၅ ခုက ကိုဗစ်-၁၉ ရောဂါ လက္ခဏာတွေ ခံစားနေရတဲ့ ပြည်သူတွေကိုပါ စစ်ဆေးပေးခဲ့တာပါ။

လက်ရှိအချိန်ထိ စင်တာအနေနဲ့ ရောဂါလက္ခဏာခံစားနေရသူ စုစုပေါင်း ၁၁,၀၀၀ ကျော်ကို ရောဂါပိုးရှိမရှိ စစ်ဆေးခဲ့ကာ ပိုးတွေ့ရှိသူတွေကို သက်ဆိုင်ရာ ကုသရေးစင်တာ၊ ဒါမှမဟုတ် ဆေးရုံတွေကို လိုက်လံပို့ဆောင်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Tests & Care ဧရာဝတီစင်တာကိုတော့ နေ့စဉ်မနက် ၈ နာရီမှ ညနေ ၆ နာရီ အထိ ဖွင့်လှစ်သွားမှာဖြစ်ပြီး ဖော်ပြပါဝက်ဘ်ဆိုက်လင့်ခ်- https://bit.ly/36UvIss ကနေတဆင့် ကာယကံရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်သွင်းပြီး ကြိုတင်လျှောက်ထားရမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုခံယူဖို့ အချက်အလက်ဖြည့်စွက်ပြီးသူတွေဆီကိုတော့ QR Code၊ Patient ID နဲ့ လာရောက်စစ်ဆေးရမယ့် နေ့ရက်၊ အချိန်တို့ကို ကာယကံရှင်ရဲ့ ဖုန်းနံပါတ်ဆီ အချိန်နဲ့ တပြေးညီ SMS စာတို ပေးပို့သွားမှာဖြစ်ပြီး သတ်မှတ်နေ့ရက်၊ အချိန်အတိအကျအတိုင်း သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမပေါ်က Tests & Care ဧရာဝတီ စင်တာမှာ လာရောက်စစ်ဆေးမှုခံရယူရမှာ ဖြစ်ပါတယ်။

လာရောက်တဲ့အချိန်မှာတော့ ဝန်ထမ်းကတ်၊ ဒါမှမဟုတ် မှတ်ပုံတင်တခုခု ပါရမှာ ဖြစ်ပြီး QR Code ၊ Patient ID မရှိသူတွေကို စင်တာမှာ လုံးဝ ဝန်ဆောင်မှုပေးသွားမှာ မဟုတ်ကြောင်းလည်း အသိပေးထားတာ ဖြစ်ပါတယ်။

အသေးစိတ်စုံစမ်းချင်တယ်ဆိုရင်တော့ အရေးပေါ် Hotline ဖုန်းနံပါတ်-014705555 နဲ့ အီးမေးလ်လိပ်စာ [email protected] တို့ဆီ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၈၀,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၃ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၈၀,၅၀၅ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၇၆၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၉,၈၈၈ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၅၉,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013