DVB Logo
Home
မြန်မာသတင်း
ကလေးငယ်များကို အလုပ်ခိုင်းစေခဲ့သည့် ပေါက်စီနှင့်ပေါင်မုန့်တိုက်ပိုင်ရှင်ကို တရားစွဲမည်
DVB
·
November 23, 2020
ကလေးငယ်များကို အလုပ်ခိုင်းစေခဲ့သည့် ပေါက်စီနှင့်ပေါင်မုန့်တိုက်ပိုင်ရှင်ကို တရားစွဲမည်
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ပေါက်စီနဲ့ပေါင်မုန့်တိုက်မှာ အလုပ်လုပ်နေတဲ့ အသက် ၁၈  နှစ်အောက်ကလေးငယ် ၁၆ ဦးတွေ့ရှိခဲ့တဲ့အထဲမှာ  အလုပ်ခိုင်းခွင့်မရှိတဲ့ ၁၄ နှစ်အောက် ကလေးငယ် ၆ ဦး ပါဝင်နေတာကြောင့် အလုပ်ရှင်ကို ကလေးသူငယ်ဥပဒေတွေနဲ့ တရားစွဲဖို့ ညွှန်ကြားထားတယ်လို့ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်က ပြောပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၇ ရပ်ကွက်မှာ ကလေးသူငယ်တွေကို အလုပ်ခိုင်းစေတာနဲ့ ညှင်းပန်းနှိပ်စက်တာတွေရှိနေတယ်ဆိုပြီး  လူမှုကွန်ရက်မှာ သတင်းတွေ တက်လာတာကြောင့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ  လူမှုဝန်ထမ်းရုံးကတာဝန်ရှိသူတွေ သွားရောက်စုံစမ်းပြီး မုန့်တိုက်ထဲဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တာပါ။

အဆိုပါ မုန့်တိုက်မှာ အလုပ်လုပ်နေသူတွေအထဲ အသက် ၁၈ နှစ်အောက် ကလေး ၁၀ ဦးနဲ့ အသက် ၁၄ နှစ်အောက် ကလေး ၆ ဦး   ပါဝင်တာ စုံစမ်းစစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအထဲမှာ အလုပ်ခိုင်းစေခွင့်မရှိတဲ့ အသက် ၁၄ နှစ်အောက်ကလေး ၆ ဦး ပါဝင်နေတာကြောင့် ကလေးသူငယ်ဥပဒေအပြင် မြန်မာနိုင်ငံမှာ အလုပ်လုပ်နိုင်ဖို့သတ်မှတ်ထားတဲ့ ဥပဒေနဲ့ ညှိစွန်းနေတဲ့အတွက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအရ တရားစွဲဖို့ဆုံးဖြတ်လိုက်တာလို့ နေပြည်တော်၊ လူမှုဝန်ထမ်းဦးစီးဌာန  ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်က ပြောပါတယ်။

လက်ရှိမှာတော့ အလုပ်ရှင်ဆီကနေ ထွက်ပြေးလာတဲ့ ကလေးငယ်တချို့သာ အလုပ်ရှင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုကို ပြောဆိုတိုင်ကြားထားပြီး ကျန်တဲ့ကလေးငယ်တွေကတော့ မပြောရဲသေးတာ ကြောင့် အချိန်ယူစစ်ဆေးမှုတွေ အများကြီးလုပ်စရာရှိသေးတယ်လို့ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင် ဦးသိန်းလှိုင်ထွန်းက ပြောပါတယ်။

ရပ်ကွက်နေပြည်သူတချို့ကတော့ အလုပ်ရှင်အနေနဲ့ ကလေးငယ်တွေကို အိမ်အပြင် မထွက်ခိုင်းဘဲ အလုပ်ခိုင်းစေတာတွေရှိသလို ရိုက်နှက်မှုတွေလည်းကြားရတယ်လို့ ပြောပါတယ်။

အသက် ၁၄ နှစ်အထက် ကလေးငယ် ၁၀ ဦးကိုလည်း အချိန်ပိုခိုင်းစေမှု၊ ညှဉ်းပန်းနှိပ်စက်ပြီး အလုပ်ခိုင်းစေမှုရှိမရှိဆိုတာ စစ်ဆေးဖော်ထုတ်ရမှာဖြစ်သလို ရှိလာရင် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ပုဒ်မ၁၀၃နဲ့ တရားစွဲဆိုဖို့ရှိတယ်လို့ ညွှန်ကြားရေးမှူး ဦးကျော်မျိုးသန့်က ပြောပါတယ်။

လူကယ်ပြန်ဌာနအနေနဲ့  ကလေးငယ်တွေကို မိဘတွေဆီပြန်မပို့ခင်  လူကယ်ပြန် သင်တန်းကျောင်းမှာ စောင့်ရှောက်ထားမယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ ကလေးသူငယ်တွေကို ညှဉ်းပန်းနှိပ်စက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ လိုတရ ရွှေစံလှ ပေါက်စီနဲ့ ‌ပေါင်မုန့်တိုက်  အလုပ်ရှင်တစ်ဦးကို ရဲတပ်ဖွဲ့နဲ့စည်ပင်က တရားစွဲဆို ထားပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013