DVB Logo
Home
မြန်မာသတင်း
ပဲသွေးနှင့်ဘဲသွေးများတွင် ဖော်မလင်ပါသဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် ပဲခူးတိုင်းကျန်းမာရေးမှူး သတိပေး
DVB
·
November 23, 2020
ပဲသွေးနှင့်ဘဲသွေးများတွင် ဖော်မလင်ပါသဖြင့် ဝယ်ယူစားသုံးခြင်းမပြုရန် ပဲခူးတိုင်းကျန်းမာရေးမှူး သတိပေး
1 / 4
Donate to DVB

ပဲခူးတိုင်း ဈေးကွက်အတွင်း ရောင်းချနေတဲ့ ပဲသွေး နဲ့ ဘဲသွေးတွေမှာ တားမြစ် ဖော်မလင်ဆေးတွေ ပါနေတဲ့အတွက် ဝယ်ယူစားသုံးတာတွေ မလုပ်ကြဖို့ တိုင်းကျန်းမာရေးမှူးက သတိပေးလိုက်ပါတယ်။

ပဲခူးတိုင်း အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနကနေ စျေးကွက်အတွင်း ရောင်းချနေတဲ့ အစားအသောက်တွေမှာ ခွင့်မပြု ဓာတုဆေးဝါးတွေနဲ့ တာရှည်ခံပစ္စည်းတွေ ထည့်သွင်းအသုံးပြုထားတာ ရှိမရှိ ရှောင်တခင် စစ်ဆေးမှုတွေ ပြုလုပ်နေကြပါတယ်။

အဲဒီလို စျေးကွက်အတွင်းမှာ ရောင်းချနေတဲ့ သံသယရှိတဲ့ အစားအသောက်တွေကို နမူနာကောက်ယူပြီး ဓာတ်ခွဲစစ်ဆေးတဲ့အခါမှာ ပဲသွေးနဲ့ ဘဲသွေးတွေမှာ ဖော်မလင် အသုံးပြုထားတာကို တွေခဲ့ရတယ်လို့ ပဲခူးတိုင်းကျန်းမာရေးဦးစီးမှူး ဒေါက်တာရန်နိုင်မောင်က ပြောပါတယ်။

ဖော်မလင်ပါတဲ့ အစားအစာတွေကို စားမိရင် တနေ့ နည်းနည်းစီ မိမိခန္ဓာကိုယ်ကို အဆိပ်ကျွေးသလို ဖြစ်နေတဲ့အတွက် ပဲသွေးနဲ့ ဘဲသွေး အစားအသောက်တွေကို လုံးဝမစားကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

ဖော်မလင်ပါတဲ့ ပဲသွေးနဲ့ ဘဲသွေးတွေကို စည်ပင်စျေးတွေနဲ့ ရပ်ကွက်စျေးတွေမှာတင်မကပဲ ပဲခူးစျေးကြီး အနီးတဝိုက်က မုန့်ဟင်းခါးဆိုင်၊ ခေါက်ဆွဲဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ ရောင်းချနေကြပြီး ပြည်သူတွေကလည်း ဝယ်ယူစားသောက်နေကြတယ်လို့ ဆိုပါတယ်။

အရင်ကလည်း ပဲနဲ့ဘဲသွေးတွေမှာ ဖော်မလင်ပါလို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် စျေးကွက်ကနေ ပျောက်သွားခဲ့ပြီး အခု ကိုဗစ်ကာလမှာ ပြန်ပေါ်လာတာလည်း ဖြစ်ပါတယ်။

အခုလို အစားအသောက်တွေထဲကို ဖော်မလင်ထည့်သွင်းအသုံးပြုပါက အမျိုးသား အစားအသောက်ဥပဒေအရ တရားစွဲဆိုလို့ရပေမယ့် လက်တလောမှာတော့ ကျူးလွန်သူတွေကို အမြင့်ဆုံးဒဏ်ငွေရိုက်ကာ ပစ္စည်းတွေကို သိမ်းဆည်းတာ၊ ဖျက်ဆီးတာနဲ့ နောက်တကြိမ် ထပ်မံ ကျူးလွန်ခြင်းမပြုဖို့ ခံဝန်ထိုးခိုင်းတာတွေကို လပ်ဆောင်ထားတယ်လို့ ပဲခူးတိုင်း အစားအသောက်နဲ့ ဆေးဝါးကွက်ကဲရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာမြတ်မိုးကြည်က ပြောပါတယ်။

သတင်း - အောင်စိုးမိုး

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013