DVB Logo
Home
မြန်မာသတင်း
ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူများ ဖမ်းဆီးခံရ
DVB
·
August 13, 2013
ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြသူများ ဖမ်းဆီးခံရ
1 / 4
Donate to DVB

စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပန်းတာင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး မုံရွာမြို့မှာ ဒီကနေ့ နေ့ခင်းပိုင်းက ချီတက်ဆန္ဒပြခဲ့ကြတဲ့အတွက် ၁၀ ဦး ဖမ်းဆီးခံထားရပါတယ်။

လက်ပန်းတောင်းတောင် ဒေသခံ ၅၀ လောက်ဟာ ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ အကြမ်းဖက်နှိမ်နင်းတဲ့ ရဲတရားခံတွေ ဖော်ထုတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နဲ့ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း စီမံကိန်းဖော်ဆောင်ရေးကော်မတီကနေ နုတ်ထွက်ရေး စတဲ့အချက် ၄ ချက်ကို မုံရွာမြို့မှာ ချီတက်တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသူတွေထဲက နော်အုန်းလှအပါအ၀င် ၁၀ ဦးကို  ခွင့်ပြုချက်မရဘဲ ဆန္ဒပြမှုနဲ့ မုံရွာ အမှတ် ၁ ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ မြို့ခံတဦးက ပြောပါတယ်။

“နော်အုန်းလှတို့က ဆားလင်းကြီးဘက်မှာ ဆန္ဒပြဖို့အတွက် စာတင်ထားတယ်။ ခွင့်ပြုချက်တင်ထားတယ်။ ခွင့်ပြုချက်က ၁၄ ရက်နေ့ကို စီတန်းလှည့်လည်ခွင့်ရယ်၊ ဟောပြောခွင့်ရယ် နှစ်ခုတင်ရာမှာ ဟောပြောခွင့်ကို မရဘဲနဲ့ လှည့်လည် ဆန္ဒပြခွင့်ကို ပေးခဲ့တယ်။ ၁၄ ရက်နေ့မှာ ပေးတယ်။ နှစ်ခုစလုံးမရလို့ နော်အုန်းလှက မုံရွာဘက်ကိုလည်း တင်တယ်လို့ပြောတယ်။ မုံရွာဘက်မှာတော့ မရဘူး။ ဒီဘက်ကို ကျော်ပြီး ရောက်လာတဲ့အတွက် အခုလို ဖမ်းတယ်လို့ ကျနော်တို့ သိရတယ်။”

အခုလို ဖမ်းဆီးခေါ်ဆောင်သွားမှုကို ဒေသခံတွေက မကျေနပ်တဲ့အတွက် ဆန္ဒပြသမားတွေကို ပြန်လွှတ်ပေးဖို့ အမှတ် ၁ ရဲစခန်းရှေ့မှာ သွားရောက်  စုရုံးနေကြတယ်လို့လည်း သိရပါတယ်။

လတ်တလော မုံရွာမှာ ရဲက လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားပြီး တစုံတရာ အကြမ်းဖက် ဖြိုခွင်းတာတော့ မရှိသေးပါဘူး။
ဖမ်းဆီးမှု အခြေအနေနဲ့ပတ်သက်ပြီး မုံရွာ အမှတ် ၁ ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013