DVB Logo
Home
နိုင်ငံတကာ
ဂျပန်နှင့် ဗီယက်နမ်ခေါင်းဆောင် ၂ ဦး ဟနွိုင်းမြို့တော်၌ တွေ့ဆုံ
DVB
·
May 3, 2026
Photo: REUTERS/Thinh Nguyen
Photo: REUTERS/Thinh Nguyen
Donate to DVB

ဂျပန်ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိဟာ ဗီယက်နမ်ဝန်ကြီးချုပ်လေမင်းဟုန်နဲ့ မေ ၂ ရက်က ဟနွိုင်းမြို့တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ဗီယက်နမ်မှာ ဂျပန်ရဲ့ ရင်းနှီးမြှုပ်နှံမှု သိသိသာသာ နှေးကွေးနေချိန်မှာ ၂ နိုင်ငံတို့ဟာ ဆက်ဆံရေးကို ခိုင်မာအောင် ကြိုးစားခဲ့ကြပါတယ်။

ဂျပန်ဟာ ဗီယက်နမ်ရဲ့ အကြီးဆုံးနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေထဲက တနိုင်ငံအဖြစ် ရှိနေဆဲဖြစ်ပြီး ဂျပန်နိုင်ငံတကာကုမ္ပဏီ အများအပြားဟာ ဗီယက်နမ်နိုင်ငံအထဲမှာ အကြီးစား ထုတ်လုပ်ရေးစက်ရုံတွေကို လည်ပတ် ထုတ်လုပ်နေပါတယ်။

ဒါပေမဲ့ ဒီနှစ်ရဲ့ ပထမသုံးလပတ်အတွင်း ဂျပန်ရင်းနှီးမြှုပ်နှံမှု ကတိကဝတ်အသစ်တွေဟာ မနှစ်ကထက် ၇၅ ရာခိုင်နှုန်းလောက် ကျဆင်းခဲ့ပြီး ဒေါ်လာ ၂၃၃ သန်းသာ ရှိခဲ့တယ်လို့ ဗီယက်နမ်အစိုးရရဲ့ သတင်းအချက်အလက်တွေက ဆိုပါတယ်။

ဂျပန်ဟာ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်နိုင်ငံထဲက နျူကလီးယားစွမ်းအင်စီမံကိန်းကနေ နုတ်ထွက်မယ်လို့ ကြေညာခဲ့ပြီး ဆောက်လုပ်ရေး အချိန်ဇယား အလွန်အကျွံ ကန့်သတ်ထားတာတွေကို ထောက်ပြခဲ့ပါတယ်။

ခရီးစဉ်မတိုင်မီ ရက်နည်းနည်း အလိုမှာ ဟနွိုင်းမြို့လယ်ကောင်မှာ ဓာတ်ဆီသုံး မော်တော်ဆိုင်ကယ်တွေကို မသုံးဖို့ ပိတ်ပင်ရေး ဗီယက်နမ်အစိုးရက ပြန်စဉ်းစားနေတယ်လို့ ပြောပါတယ်။

ဒီမူဝါဒကို ကားထုတ်လုပ်သူ ဟွန်ဒါမော်တော်ကုမ္ပဏီက ဟိုးအရင်တည်းက ဝေဖန်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ နှစ်နိုင်ငံကုန်သွယ်ရေးက အားကောင်းနေဆဲပါ။

ဗီယက်နမ် အကောက်ခွန်ဒေတာတွေအရ ကုန်သွယ်ရေးဟာ ပထမသုံးလပတ်မှာ မနှစ်ကထက် ၁၂ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာပြီး အပြန်အလှန် ကုန်သွယ်မှု တန်ဖိုး ဒေါ်လာ ၁၃ ဒသမ ၇ ဘီလီယံအထိ ရောက်ခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ ဗီယက်နမ်သမ္မတ တိုလမ်နဲ့လည်း တွေ့ဆုံပြီး ဂျပန်ရဲ့ “လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်” မဟာဗျူဟာရဲ့ တိုးတက်ပြောင်းလဲမှုနဲ့ပတ်သက်လို့ ဗီယက်နမ်အမျိုးသားတက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားပါတယ်။ သူဟာ ဗီယက်နမ် ခရီးစဉ် ပြီးရင် သြစတြေးလျနိုင်ငံဆီ ခရီးဆက်မှာလည်း  ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013