DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ကူးစက်မှုအများဆုံး ‌မြောက်ဥက္ကလာပတွင် ပိုးတွေ့လူနာ ၄၀၀၀ ကျော်ရှိလာ
DVB
·
November 23, 2020
ကိုဗစ်-၁၉ကူးစက်မှုအများဆုံး ‌မြောက်ဥက္ကလာပတွင် ပိုးတွေ့လူနာ ၄၀၀၀ ကျော်ရှိလာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုအများဆုံးဖြစ်တဲ့ ရန်ကုန်တိုင်း၊ ‌မြောက်ဥက္ကလာပမြို့နယ်မှာ ပိုးတွေ့လူနာ စုစုပေါင်း ၄,၀၀၀ ကျော် ရှိလာခဲ့ပြီဖြစ်ပါတယ်။

ဝန်ကြီးဌာနထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၇၉,၀၀၀ ကျော်ရှိပြီး လူနာထောင်ချီကူးစက်ခံရတဲ့ မြို့ နယ်ပေါင်း ၂၂ ခုထိ ရှိလာပါတယ်။

အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၁ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ် ပါဝင်နေတာပါ။

ဒီမြို့နယ် ၂၂ ခုထဲမှာတော့ ပိုးတွေ့လူနာ ၄,၀၀၀ ကျော်ရှိတဲ့ ‌မြောက်ဥက္ကလာပမြို့ နယ်အပါအဝင် ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်၊ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၆ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်မှာ ပိုးတွေ့လူနာ ၄,၁၄၁ ယောက်၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေကတော့  ပိုးတွေ့လူနာဦးရေ ၃,၈၉၁ ယောက်၊ ၃,၆၄၁ ယောက်၊ ၃,၂၃၂ ယောက်၊ ၃,၁၅၄ ယောက်စီနဲ့ ကူးစက် မှုအများဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ်ကြတဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ လှိုင်၊ သန်လျင်၊ တာမွေ၊ ‌တောင်ဥက္ကလာပမြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၅၀၉ ယောက်၊ ၂,၃၀၀ ယောက်၊ ၂,၁၇၀ ယောက်၊ ၂,၁၁၇ ယောက်၊ ၂,၀၉၃ ယောက်၊ ၂,၀၃၈ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရတာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ်တွေအနေနဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ကမာရွတ်၊ ကြည့်မြင်တိုင်၊ သာကေတ၊ မင်္ဂလာ တောင်ညွန့်၊ စမ်းချောင်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ ဒလ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဗဟန်းမြို့နယ်တွေက အစဉ်လိုက် ၁၁ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၈ လတာ ရှိလာ ခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၇၉,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၂၂ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၇၉,၂၄၆ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၇၃၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၈,၇၅၈ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၅၈,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့လူနာ ၄,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၈ ဒသမ ၈ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁ ဒသမ ၃၉ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၄၀ ဒသမ ၆ သန်းကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013