DVB Logo
Home
မြန်မာသတင်း
ရွေးကော်အဖွဲ့ခွဲဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နှင့်မဲရုံဝန်ထမ်း ၈၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံထားရ
DVB
·
November 22, 2020
ရွေးကော်အဖွဲ့ခွဲဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နှင့်မဲရုံဝန်ထမ်း ၈၀ ကျော် ကိုဗစ်-၁၉ ကူးစက်ခံထားရ
Donate to DVB

ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်နဲ့ မဲရုံတာဝန်ထမ်းဆောင်ခဲ့သူ အယောက်  ၈၀ ကျော် ကိုဗစ်ကူးစက်ခံထားရပြီး ၂ ဦးကတော့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုသမှုခံယူနေတယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူက ပြောပါတယ်။ 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့  ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့  ရန်ကုန်တိုင်း တိုင်း၊ ခရိုင် နဲ့ မြို့နယ်အဆင့် ရွေးကောက်ပွဲအဖွဲ့ခွဲ ဥက္ကဋ္ဌ အပါအဝင်  မဲရုံတာဝန်ကျတဲ့သူတွေကို ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးလုပ်ဆောင်ခဲ့ရာမှာ ပိုးတွေ့ရှိရတာပါ။ 

ကူးစက်ခံရသူတွေထဲ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အယောက် ၃၀၊ ဝန်ထမ်း ၈ ယောက်၊ မဲရုံအဖွဲ့ဝင် ၃၃ ဦးနဲ့ မိသားစုဝင် ၁၂ ဦး ပါဝင်ပါတယ်။ 

ဒီထဲ ၈ ယောက်က ပြန်လည်သက်သာလာပြီး ကျန် ၆၃ ဦးကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်ကာ လက်ရှိ ICU အထူးကြပ်မတ်ဆောင်မှာ ၂ ဦး ဆေးကုသမှုခံယူနေပြီး  ကျန်းမာရေးကောင်းမွန်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်  ဦးကျော်မိုးကြည်က ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင်က ကော်မရှင်အဖွဲ့ဝင်အချို့က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ  ဆေးကုသမှုခံယူနေသလို တချို့ကလည်း ဟိုတယ်တွေနဲ့ နေအိမ် တွေမှာ ကွာရန်တင်းဝင်နေပါတယ်။ 

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနလက်အောက်မှာ ဆရာ၊ ဆရာမပေါင်း   ၄ သိန်းကျော် ရှိတဲ့အနက်  ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ  မဲရုံမှူးတွေအဖြစ် ဆရာ၊ ဆရာမ  နှစ်သိန်း နီးပါးလောက်  တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ 

ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့  မဲရုံတာဝန်ကျတဲ့ ဆရာ၊ ဆရာမ နှစ်သိန်းလောက်   မစစ်ဆေးနိုင်ရင်တောင် ကိုဗစ်ကူးစက်မှု မြင့်တက်နေတဲ့ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူးတိုင်းဒေသအတွင်း တာဝန်ကျတဲ့ ဆရာ၊ ဆရာမတွေကို စစ်ဆေးပေးသင့်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က ပြောပါတယ်ေ

ကိုဗစ်ကပ်ရောဂါကြား ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ မဲရုံတွေကို မဲလာပေးတဲ့သူအတွက် Face Shield တပ်ဆင်တာ၊ လက်သန့်ဆေးရည် စီစဉ်တာ၊ လူတွေ ခပ်ခွာခွာ တန်းစီမဲပေးဖို့ သတ်မှတ်ထားပေမယ့် မဲရုံတွေမှာ မဲလာပေးတဲ့သူ များပြားတာ၊ တိုးဝှေ့ မဲပေးရတဲ့ဖြစ်စဉ်တွေလည်း ရှိပါတယ်။

ဒါ့ပြင် ရွေးကောက်ပွဲ မဲပေးတဲ့ကာလအတွင်း သန်လျင်မြို့နယ်က မဲရုံမှူးတာဝန်ကျဆရာမ တဦးမှာလည်း  ကိုဗစ် - ၁၉ ကူးစက်ခံထားရတယ်လို့  ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ 

နန့်ခိုင်ပါ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013