DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁၄၃၄ ဦးတွင် ရန်ကုန်က ၉၁၂ ဦး၊ မန္တလေးတိုင်းက ၁၉၄ ဦးဖြင့် အများဆုံးတွေ့ရှိ
DVB
·
November 22, 2020
ကိုဗစ်လူနာသစ် ၁၄၃၄ ဦးတွင် ရန်ကုန်က ၉၁၂ ဦး၊ မန္တလေးတိုင်းက ၁၉၄ ဦးဖြင့် အများဆုံးတွေ့ရှိ
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၄၃၄ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၁၂ ယောက်၊ မန္တလေးတိုင်းက ၁၉၄ ယောက်နဲ့ အများဆုံးတွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ လှိုင်သာယာက အယောက် ၉၀၊ မရမ်းကုန်းက ၆၆ ယောက်၊ ရွှေပြည်သာက ၅၆ ယောက်၊ မင်္ဂလာဒုံက ၅၄ ယောက်၊ အင်းစိန်က ၄၆ ယောက် စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၃ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၈ ခုမှာ ၁၉၄ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၁၁ ခုမှာ ၄၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၁ ခုမှာ ၈၃ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၂ ခုမှာ ၅၈ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၃၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၅ ခုမှာ ၅၃ ယောက်၊ နေပြည်တော်မြို့နယ် ၅ ခုမှာ ၁၀ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၄ ခုမှာ ၁၁ ယောက်၊ ကချင်ပြည်နယ် မြို့နယ် ၃ ခုမှာ ၄ ယောက်၊ ရှမ်းပြည်နယ် မြို့နယ် ၃ ခုမှာ ၃ ယောက်၊ တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ၂ ယောက်၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ ၁ ယောက်၊ ကယားပြည်နယ် လွိုင်ကော်မြို့နယ်မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၄၀၄ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၂၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၇၈၄၈ ယောက်၊ သေဆုံးသူ ၁၇၂၂ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၇၆၇၉ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၈ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ သန်း ၄၀ ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013