DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁၅၆၀ ဦးတွင် ရန်ကုန်က ၉၉၇ ဦး၊ မန္တလေးတိုင်းက ၁၉၇ ဦးဖြင့် အများဆုံးပါဝင်
DVB
·
November 20, 2020
ကိုဗစ်လူနာသစ် ၁၅၆၀ ဦးတွင် ရန်ကုန်က ၉၉၇ ဦး၊ မန္တလေးတိုင်းက ၁၉၇ ဦးဖြင့် အများဆုံးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁၅၆၀ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၉၉၇ ယောက်၊ မန္တလေးတိုင်းက ၁၉၇ ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မရမ်းကုန်းက ၁၃၄ ယောက်၊ အင်းစိန်မြို့နယ်က ၁၀၁ ယောက်၊ မြောက်ဥက္ကလာပက ၆၉ ယောက်၊ သန်လျင် ၆၇ ယောက်၊ တောင်ဒဂုံ ၆၉ ယောက်စီနဲ့ အများဆုံးဖြစ်ပြီး စုစုပေါင်း မြို့နယ်ပေါင်း  ၄၃ ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ်  ၁၅ ခုမှာ ၁၉၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၉ ခုမှာ ၂၈ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၇ ခုမှာ ၁၆၇ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၁ ခုမှာ ၄၂ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၆ ခုမှာ ၆၆ ယောက်၊ မကွေးတိုင်းမြို့နယ် ၁၀ ခုမှာ ၁၆ ယောက်၊ နေပြည်တော်မြို့နယ် ၄ ခုမှာ ၆ ယောက်၊ စစ်ကိုင်းတိုင်း မြို့နယ် ၃ ခုမှာ ၈ ယောက်၊ တနင်္သာရီတိုင်းမြို့နယ် ၃ ခုမှာ ၁၅ ယောက်၊ ကရင်ပြည် နယ်မြို့နယ် ၂ ခုမှာ ၁၀ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၂ ခုမှာ ၃ ယောက်၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ  ၄ ယောက်၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ၁ ယောက်စီ အသီးသီးတွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ ၃၃၆ ယောက် ပါဝင်တယ်လို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူ နာစုစုပေါင်း ၇၄,၈၈၂ ယောက်၊ သေဆုံးသူ  ၁,၆၇၆ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရ သူပေါင်း ၅၅,၆၃၃ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၇ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၉ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013