DVB Logo
Home
မြန်မာသတင်း
ကုလကိုယ်စားလှယ်ကို စစ်တွေတွင် ကန့်ကွက်ဆန္ဒပြ
DVB
·
August 12, 2013
ကုလကိုယ်စားလှယ်ကို စစ်တွေတွင် ကန့်ကွက်ဆန္ဒပြ
Donate to DVB

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တားနာကို   ရခိုင်ပြည်နယ် စစ်တွေလေဆိပ်မှာ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြခဲ့ကြပါတယ်။

ဩဂုတ် ၁၂ ရက်နေ့ နံနက်ပိုင်းက  ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကို မစ္စတာကင်တားနား ရောက်ရှိခဲ့ပြီးနောက် လေဆိပ်က ထွက်ခွာရာလမ်းတလျှောက် မြို့ခံတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာလို့ ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ပြောပါတယ်။

[caption id="attachment_28615" align="alignright" width="300" caption="မစ္စတာ ကင်တားနား"][/caption]

ဆန္ဒပြတဲ့သူ ဆယ်ဂဏန်းလောက်ရှိပြီး တစုံတရာ အော်ဟစ်ခြင်းမပြုဘဲ ဗီနိုင်းစတွေပေါ်မှာ ကင်တားနား အလိုမရှိဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ဆန္ဒပြတာလို့ သူက ပြောပါတယ်။

“သူလေယာဉ်ပေါ်က ဆင်းလာတဲ့ လေယာဉ်ကွင်းမှာပဲခင်ဗျ။ အော်တာဟစ်တာ မရှိပါဘူး။ သူတို့ဟာ သူတို့ ဒီဆိုင်းဘုတ်လေး ထောင်ပြီးတော့ အေးချမ်းစွာနဲ့ ဆန္ဒပြတဲ့သဘောပါ။ ဗီနိုင်းစလေးတွေ ကိုင်ပြီး ဆန္ဒပြတဲ့သဘောပါ။ လူသိပ်အများကြီး မဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါးလည်း မဟုတ်ပါဘူး။”

မစ္စတာကင်တားနားကတော့ မြန်မာပြည်မှာ လူတွေဆန္ဒပြတဲ့ အခွင့်အရေး ရှိသင့်တယ်လို့ ပြောပါတယ်။

“သူတို့ရဲ့ ဆန္ဒထုတ်ဖော်ခွင့်ဟာ အရေးကြီးပါတယ်။ ကျနော်တို့ကတော့ အားလုံးရဲ့ အသံတွေကို နားထောင်မှာပါ။”

ဆန္ဒပြတဲ့သူတဦးကတော့ ဘာကိုပဲဆုံးဖြတ်ဆုံးဖြတ် တိတိကျကျ မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်လို့ ပြောပါတယ်။

“ကမ္ဘာ့ကုလသမဂ္ဂကြီးဆိုပြီးတော့ ကျမတို့အပေါ် မှန်မှန်ကန်ကန် မဆုံးဖြတ်ရင် လက်သင့်မခံနိုင်ပါဘူး။”

မစ္စတာ ကင်တားနားဟာ ဘူးသီးတောင် အကျဉ်းထောင်ကို ဩဂုတ်လ ၁၂ ရက်နေ့ ဆက်လက်ထွက်ခွာမှာဖြစ်ပြီး စစ်တွေမှာ တာဝန်ရှိသူတွေနဲ့  ဩဂုတ် ၁၃ ရက်နေ့ တွေ့ဆုံဖွယ်ရှိတယ်လို့လည်း ဦးဝင်းမြိုင်က ပြောပါတယ်။

ကင်တာနားရဲ့ မြန်မာပြည်ခရီးစဉ်ဟာ ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့အထိ ကြာမြင့်မှာ ဖြစ်ပြီး ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့ မိတ္တီလာတို့ကို သွားရောက်မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ထုတ်ပြန်ပါတယ်။

ခရီးစဉ်အဆုံး မစ္စတာ ကင်တားနားက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်ဆောင်မှာ ဖြစ်သလို အစီရင်ခံစာကိုလည်း အောက်တိုဘာလ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေ ညီလာခံကို တင်သွင်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013