DVB Logo
Home
မြန်မာသတင်း
အမေရိကန် ဂျော်ဂျီယာပြည်နယ်တွင် ရွေးကောက်ပွဲမဲရလဒ် ပြန်ရေတွက်
DVB
·
November 19, 2020
အမေရိကန် ဂျော်ဂျီယာပြည်နယ်တွင် ရွေးကောက်ပွဲမဲရလဒ် ပြန်ရေတွက်
Donate to DVB

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲရလဒ်နဲ့ပတ်သက်လို့ နိုဝင်ဘာ ၁၈ ရက်က  ဂျော်ဂျီယာ ပြည်နယ်မှာ လူအင်အားနဲ့ မဲအမြောက်အများ ပြန်ရေတွက်နေပါတယ်။

 တချိန်တည်းမှာပဲ မြို့တော်အတ္တလန်တာက ပြည်နယ်လွှတ်တော်ရှေ့မှာ သမ္မတ ထရမ့်ကို ထောက်ခံသူတွေ  စုဝေးဆန္ဒပြခဲ့ပါတယ်။ 

အမေရိကန် အလံနဲ့ သမ္မတထရမ့်ရုပ်ပုံတွေ စာတန်းတွေ ကိုင်ပြီး အတော်များများ နှာခေါင်း စည်းတပ်မထားတဲ့ လူအုပ်ကြီးက "မဲခိုးတာတွေ ရပ်"ဆိုပြီး ဟစ်ကြွေးနေကြတာပါ။

 ဂျော်ဂျီယာပြည်နယ်မှာ ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က သမ္မတ ထရမ့်ထက် မဲအရေ အတွက် ၁၄,၀၀၀ အသာနဲ့ ဦးဆောင်နေပါတယ်။ 

ဂျော်ဂျီယာပြည်နယ်အစိုးရ ညွှန်ကြားတဲ့ လူအင်အားနဲ့ မဲပြန်ရေတွက်တာက ဘိုင်ဒင် ဦးဆောင်မှုနဲ့အကြိတ်အနယ် မစ်ရှီဂန်ပြည်နယ် မဲရလဒ်တွေကို  ချေဖျက်နိုင်မယ်လို့ သမ္မတ ထရမ့်က မျှော်လင့်ချက် စွဲကိုင်ထားကြပါတယ်။ 

ဂျော်ဂျီယာ မဲပေးစနစ် အကောင်အထည်ဖော်ရေး မန်နေဂျာ ဂေဘရီရယ်စတာလင်ကတော့  "စုံစမ်းရေးမှူးတွေက မဲလိမ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို စုံစမ်းနေပြီး ရွေးကောက်ပွဲတိုင်းမှာ မဲလိမ်တာတွေ အနည်းအကျဥ်းရှိတယ်" လို့ ဆိုပါတယ်။

"ဒါပေမဲ့ မဲလိမ်မှုက ဂျော်ဂျီယာရွေးကောက်ပွဲ မဲရလဒ်အပေါ် ပြောင်းလဲနိုင်မယ့် အထောက်အထားမရှိဘူး"လို့ စတာလင်က ဆိုပါတယ်။ 

အမေရိကန်ပြည်နယ်တွေအနေနဲ့ ဒီဇင်ဘာ ၈ ရက်အမီ  ရွေးကောက်ပွဲရလဒ်တွေ မှန်ကန် ကြောင်း သမ္မတ ရွေးချယ်ခန့်ထားရေးအဖွဲ့ကို တင်ပြရမယ်လို့ ရိုက်တာက ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013