DVB Logo
Home
မြန်မာသတင်း
Mask မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း 
DVB
·
November 19, 2020
Mask မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်တွင် ပူးပေါင်းပါဝင်ရန် တိုက်တွန်း 
Donate to DVB

မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက်လုပ်ဆောင်နေပြီး ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင် လိုက်နာဆောင်ရွက်ကြဖို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားပါတယ်။

တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးရှိ နေအိမ်တွင်သာနေထိုင်ရေးအစီအစဉ် (Stay at home) မှာ အကြုံးဝင်တဲ့ မြို့နယ်တွေနဲ့ ရောဂါဖြစ်ပွားမှုများတဲ့ မြို့နယ်တွေမှာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီး ဌာနက လူမှုရေးအဖွဲ့တွေ၊ ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး  လူထုလှုပ်ရှားမှုစီမံချက်ကို ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

အဆိုပါ လူထုလှုပ်ရှားမှုစီမံချက်မှာ ပါးစပ်နဲ့ နှာခေါင်းစည်း (Mask)၊ မျက်နှာအကာ (Face shield) မဖြစ်မနေ တပ်ဆင်ရေးအတွက် အသိပေးစည်းရုံးလှုံ့ဆော်တာ၊ ပေးဝေတာနဲ့ တပ်ဆင်စေတာ၊ လက်ကိုင်အသံချဲ့စက်နဲ့ လှည့်လည်အသိပေးပြောကြားတာ၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်တွေ ပေးဝေတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက်ကို ဖြတ်တောက်ပြီး ထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေးနဲ့ လူမှုရေးလုပ်ငန်းတွေကို ပုံမှန်အနေအထားအတိုင်း အမြန်ဆုံး ပြန်လည် လုပ်ကိုင်လာနိုင်မှာ ဖြစ်လို့ ပြည်သူလူထုအနေဖြင့် ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက်ကြဖို့လည်း ပန်ကြားထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၈ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း    ၇၃,၃၂၂ ယောက်၊ သေဆုံးသူ အယောက် ၁,၆၅၀  ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း    ၅၄,၇၆၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013