DVB Logo
Home
မြန်မာသတင်း
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆ သန်းကျော်လာ၊ မြန်မာတွင် ၇၁၀၀၀ ကျော်ရှိ
DVB
·
November 18, 2020
ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆ သန်းကျော်လာ၊ မြန်မာတွင် ၇၁၀၀၀ ကျော်ရှိ
Donate to DVB

ဒီကနေ့ညနေပိုင်းအထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအ တွက်ဟာ ၅၆ သန်းကျော်လာခဲ့ပြီဖြစ်ပြီး သန်းနဲ့ချီ ကူးစက်ခံထားရတဲ့ နိုင်ငံအရေ အ တွက်ဟာလည်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၁ ဒသမ ၆ သန်းကျော်နဲ့ သေဆုံးသူ ၂၅၄,၂၉၀ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၈ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၁၃၁,၀၃၁ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၅ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၁၆၆,၇၄၃ ယောက်စီနဲ့ ထိပ်ဆုံးမှာ အသီးသီး ရပ် တည်နေပါတယ်။

အဲဒီ ၃ နိုင်ငံနောက်မှာတော့ ပြင်သစ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၂၇၃ ယောက်၊ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၉ သန်းကျော်နဲ့ သေဆုံးသူ ၃၄,၃၈၇ ယောက်၊ စပိန်နိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၅ သန်းကျော်နဲ့ သေဆုံးသူ ၄၁,၆၈၈ ယောက်၊ ယူကေနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၄ သန်းကျော်နဲ့ သေဆုံးသူ ၅၂,၇၄၅ ယောက်၊ အာဂျင်တီးနားနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၃ သန်းကျော်နဲ့ သေဆုံးသူ ၃၆,၁၀၆ ယောက်၊ အီတလီနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၄၆,၄၆၄ ယောက်၊ ကိုလံဘီယာနိုင်ငံက ကူးစက်ခံရသူ ၁ ဒသမ ၂ သန်းကျော်နဲ့ သေဆုံးသူ ၃၄,၃၈၁ ယောက်စီနဲ့ ရပ်တည်နေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မက္ကဆီကိုနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအ ရေအတွက် ၁ သန်းကျော် ရှိလာခဲ့ပြီဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်တယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။

ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၆,၃၆၉ ယောက်၊  စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်းအ တွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၆၅ နေရာထိ ကျဆင်းသွား ခဲ့ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယနိုင်ငံပြီးရင် အီရန်၊ အီရတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက ကူးစက်ခံရသူဦးရေ ၈၀၁,၈၉၄ ယောက်၊ ၅၂၄,၅၀၃ ယောက်၊ ၄၇၄,၄၅၅ ယောက်စီနဲ့ အသီးသီး ရှိနေပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၃၈,၇၉၅ ယောက်နဲ့ သေဆုံးသူ ၆,၂၇၅ ယောက် ရှိနေတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၁၂,၀၉၇ ယောက်နဲ့ သေဆုံးသူ ၇,၉၅၇ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။

လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း၇၁,၇၃၀ ယောက်၊ သေဆုံးသူ ၁,၆၂၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၂၇၄ ယောက်ရှိနေပြီး အာဆီယံ နိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။

စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၁၃၅ ယောက်နဲ့ သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။

မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ အရေအတွက် ၅၀,၃၉၀ ယောက်နဲ့ သေဆုံးသူ ၃၂၂ ယောက် ရှိပါတယ်။

မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၃,၈၈၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၆၀ ယောက် ရှိနေပါတယ်။

ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၂၈၈ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၄၈ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။

ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၃၀၄ ယောက်နဲ့ ၂၅ ယောက် အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ ပြီး သေဆုံးသူအရေအတွက် ၁ ဒသမ ၃ သန်းကျော်လာခဲ့ပြီဖြစ်ပြီး ရောဂါပြန်လည် ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၃၉ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013