DVB Logo
Home
မြန်မာသတင်း
ကိုဗစ်လူနာသစ် ၁,၅၆၉ ဦးတွင် ရန်ကုန်က ၁,၀၄၂  ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ  ၁၉၅ ဦးပါဝင်
DVB
·
November 18, 2020
ကိုဗစ်လူနာသစ် ၁,၅၆၉ ဦးတွင် ရန်ကုန်က ၁,၀၄၂  ဦးဖြင့် အများဆုံးတွေ့၊ အနံ့မရသူ  ၁၉၅ ဦးပါဝင်
Donate to DVB

မနေ့ညက ထုတ်ပြန်တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာအသစ် ၁,၅၆၉ ယောက်ထဲမှာ ရန်ကုန်တိုင်းက ၁,၀၄၂ယောက်နဲ့ အများဆုံးပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ ညနေ ၄ နာရီခွဲ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရန်ကုန်တိုင်းက အတည်ပြုလူနာတွေထဲမှာ မင်္ဂလာဒုံ ၇၅ ယောက်၊ မြောက်ဉက္ကလာပနဲ့ ဒဂုံ မြို့သစ်(တောင်ပိုင်း)က ၆၃  ယောက်စီနဲ့ အများဆုံးတွေ့ရှိခဲ့ပြီး စုစုပေါင်းမြို့နယ် ၄၂ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

တိုင်းနဲ့ ပြည်နယ်တွေအလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုအနေနဲ့ မန္တလေးတိုင်းမြို့နယ် ၁၆ ခုမှာ ၂၂၃ ယောက်၊ ပဲခူးတိုင်းမြို့နယ် ၁၂ ခုမှာ ၈၉  ယောက်၊ မကွေးတိုင်းမြို့နယ် ၁၆ ခုမှာ ၈၀ ယောက်၊ ဧရာဝတီတိုင်းမြို့နယ် ၁၅ ခုမှာ ၄၉ ယောက်၊ မွန်ပြည်နယ်မြို့နယ် ၃ ခုမှာ ၂၁ ယောက်၊ ကရင်ပြည်နယ်မြို့နယ် ၃ ခုမှာ ၁၇ ယောက်၊ ရခိုင်ပြည်နယ်မြို့နယ် ၄ ခုမှာ ၁၇ ယောက်၊ ရှမ်းပြည်နယ်မြို့နယ် ၅ ခုမှာ ၁၁  ယောက်၊ တနင်္သာရီတိုင်း မြို့နယ် ၃ ခုမှာ  ၉ ယောက်၊ စစ်ကိုင်းတိုင်းမြို့နယ် ၃ ခုမှာ ၅ ယောက်၊ ချင်းပြည်နယ်၊ တီးတိန်မြို့မှာ ၂ ယောက်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ၂ ယောက်၊ နေပြည်တော်၊ ပျဉ်းမနားမြို့မှာ  ၁ ယောက်၊ ကချင်ပြည်နမယ်၊ မြစ်ကြီးနားမြို့မှာ ၁ ယောက်စီ အသီးသီး တွေ့ရှိခဲ့ပါတယ်။

ဓာတ်ခွဲအတည်ပြုလူနာသစ်တွေထဲမှာ အနံ့မရရှိသူ  ၁၉၅ ယောက် ပါဝင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ စုစုပေါင်း  ၇၁,၇၃၀ ယောက်၊ သေဆုံးသူ ၁,၆၂၅ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၄,၂၇၄ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကမ္ဘာတဝန်းမှာတော့ ဒီနေ့ညနေ ၄ နာရီခွဲအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၅၆ သန်းကျော်၊ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၃၉ သန်း ကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013