DVB Logo
Home
မြန်မာသတင်း
တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့၏ မိုးရာသီသဘင်ပွဲစဉ် ၂၀ ထပ်မံတိုးမြှင့်ကပြမည်
DVB
·
November 18, 2020
တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်းတို့၏ မိုးရာသီသဘင်ပွဲစဉ် ၂၀ ထပ်မံတိုးမြှင့်ကပြမည်
Donate to DVB

ပြီးခဲ့တဲ့ ဩဂုတ်လက စတင်ကျင်းပခဲ့တဲ့ တင်မောင်ဆန်းမင်းဝင်း၊ ဟန်ဇာမိုးဝင်း တို့ တွဲဖက်ဖျော်ဖြေခဲ့ကြပြီး ပရိသတ်တွေ နှစ်သက်ခဲ့ကြတဲ့ မိုးရာသီသဘင်ပွဲတော်ကို ပွဲစဉ် ၂၀ ထပ်မံပြီးတော့ တိုးမြှင့်ကပြသွားမယ်လို့ သိရပါတယ်။

မာလာမြိုင်မိုးရာသီသဘင်ပွဲတော်အမည်ရတဲ့ ဒီဖျော်ဖြေပွဲကိုတော့ ဩဂုတ်လ ၁ ရက်နေ့က စတင်ကာ အပတ်စဉ် ကပြဖျော်ဖြေနေတာဖြစ်ပြီး တိုက်ရိုက်လိုက်ဖ်အနေနဲ့ အွန်လိုင်းက ထုတ်လွှင့်ပေးနေတာ ဖြစ်ပါတယ်။

အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေတိုင်း ညစဉ် ၇ နာရီမှာ ကပြဖျော်ဖြေတဲ့ ဒီပွဲကိုတော့ Myanmar Media 7၊ 7th Sense Creation နဲ့ Malarmyaing Group တို့ရဲ့ ဖေ့စ်ဘွတ်ခ် အင်တာနက်စာမျက်နှာပေါ်မှတဆင့် အချိန် ၃ လကြာ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။

တင်မောင်ဆန်းမင်းဝင်းဟာ မြန်မာ့ဇာတ်သဘင်လောကရဲ့ နာမည်ကြီး သဘင်ပညာရှင် ရွှေမန်းတင်မောင်ရဲ့မျိုးဆက်ဖြစ်ပြီး သစ္စာမေတ္တာရွှေမန်းသဘင်အနေနဲ့ ခုချိန်ထိတိုင် လက်ဆင့်ကမ်း အမွေဆက်ခံကပြနေဆဲဖြစ်တဲ့ မင်းသားတလက်ဖြစ်ပြီး ဟန်ဇာမိုးဝင်းကတော့ သဘင်ပညာရှင် မင်းသားကြီး စိန်မာဒင်မျိုးဆက် မဟာရန်ကုန်စံပြသဘင်အနေနဲ့ မောင်နှမတွေဖြစ်ကြတဲ့ တင်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်းတို့နဲ့အတူ လက်ဆင့်ကမ်း သဘင်မျိုးဆက် အနုပညာရှင်တွေအနေနဲ့ ကပြဖျော်ဖြေနေတာ ဖြစ်ပါတယ်။

ခုတခါ မိုးရာသီသဘင်ပွဲတော်မှာတော့ နာမည်ကြီးမင်းသား ၂ လက်ဖြစ်တဲ့ တင်မောင်ဆန်းမင်းဝင်းနဲ့ ဟန်ဇာမိုးဝင်းတို့ရဲ့ ပူးတွဲဖျော်ဖြေမှုဟာ ကိုဗစ်-၁၉ ကပ်ဘေးကာလတွင်း ပွဲလမ်းသဘင်တွေနဲ့ ဝေးနေရတဲ့ ပရိသတ်တွေအတွက် အမောပြေစေခဲ့တာ ဖြစ်ပါတယ်။

အပတ်စဉ်ဖျော်ဖြေတင်ဆက်မှုတွေတိုင်း ဧည့်သည်အနုပညာရှင်တွေကိုလည်း ဖိတ်ကြား ဖျော်ဖြေတာတွေလုပ်သလို သူတို့ ၂ ယောက်ရဲ့ ဆန်းပြားတဲ့ ကကွက်တွေ၊ ပေါင်းစပ်ဖန်တီးမှု တွေနဲ့လည်း ဆွဲဆောင်ထားနိုင်ခဲ့တာမို့ ခုနောက်ထပ်တိုးမြှင့်ကပြမယ့် ပွဲစဉ်တွေမှာရော ဘယ်လိုတွေ ဖျော်ဖြေတင်ဆက်ကြဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013