DVB Logo
Home
Lead Story
မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်း၏ သီချင်းသစ်-Night Mode(ရုပ်သံ)
DVB
·
November 18, 2020
မြန်မာအိုင်ဒေါစတား ဘင်ဂျမင်ဆုန်း၏ သီချင်းသစ်-Night Mode(ရုပ်သံ)
Donate to DVB

       “Baby… မင်းအတွက်မပြည့်စုံခဲ့ရင်လည်း… မင်းအနားလေးမှာ အမြဲထာဝရ… အ တူရင်ဆိုင်ချင်တယ်… Baby… အမှားများရှိရင်ခွင့်လွှတ်ပေး… မင်းလေးမရှိတော့ ငရဲဘုံ တပိုင်း… ပူလောင်နာကျင်လွန်းလို့… ဘဝတိုက်ပွဲမှာ နင်ဟာ ငါလိုအပ်ဆုံး လက်နက်ပါ … အခုနံဘေးမှာ နင်မရှိတော့… ကျည်ဆံမပါဘဲ တယောက်တည်း… တိုက်ပွဲမှာ တုန် လှုပ် ခြောက်ခြားနေပြီ”

ဒီသီချင်းကတော့ မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲမှာ ပရိသတ်အားပေးမှုနဲ့တဆင့် တက်လျှောက်လှမ်းလာခဲ့တဲ့ ချင်းတိုင်းရင်းသားအဆိုတော် ဘင်ဂျမင်ဆုန်းရဲ့ သီချင်းသစ် တပုဒ်ထဲက တေးသွားစာသားတွေ ဖြစ်ပါတယ်။

    “Night Mode”လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး Julian Thang က ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး ဘင်ဂျမင်ဆုန်းရဲ့ ထူးခြားတဲ့ သီဆိုဟန်နဲ့အတူ မြူးမြူးကြွ ကြွ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“အမှောင်ညထဲ တယောက်တည်း… ကြယ်များလည်း လင်းလက်ဆဲ… ကြယ်များ ရဲ့ အစားမှာ မင်းဖြစ်ရင် ဘယ်လောက်တောင်ကောင်းမလဲ… လေညင်းလေး ငါ့ကို တိုက် ခတ်နှစ်သိမ့်သော်လည်း… အမှောင်ညထဲ တယောက်တည်း… ကြယ်များလည်း လင်း လက်ဆဲ… ကြယ်များရဲ့အစားမှာ မင်းဖြစ်ရင်… ဘယ်လောက်တောင်ကောင်းမလဲ… လေညင်းလေး ငါ့ကို တိုက်ခတ်နှစ်သိမ့်သော်လည်း… လေညင်းလေးအစားမှာ မင်းဖြစ် ရင် ဘယ်လောက်တောင်ကောင်းမလဲ”

ဘင်ဂျမင်ဆုန်းဟာ ပြီးခဲ့တဲ့ မြန်မာအိုင်ဒေါ Season 4 သီချင်းဆိုပြိုင်ပွဲမှာ အဆင့် ဆင့် သီဆိုယှဉ်ပြိုင်မှုတွေနဲ့အတူ နောက်ဆုံး Finalists ၃ ယောက်အဆင့်ထိ ပါဝင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ပြိုင်ပွဲတလျှောက်မှာလည်း ဖြူဖြူကျော်သိန်းအငယ်စားလေးလို့ တင်စားပြောဆိုရ တဲ့အထိ ထူးခြားတဲ့ Performance တွေနဲ့ တင်ဆက်ခဲ့လို့ ချီးကျူးမှုတွေလည်း ရရှိခဲ့သူပါ။

ပြီးခဲ့တဲ့ မတ်လတုန်းကလည်း နာမည်ကြီးအဆိုတော် ဖြူဖြူကျော်သိန်းနဲ့အတူ ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ နာမည်ကြီး အဆိုတော် အဲလ်ဗစ်စ်ပရက်စလေရဲ့ Can’t Help Falling In Love With You သီချင်းကို Cover အနေနဲ့ ပြန်လည်သီဆိုခဲ့ကြပါသေးတယ်။

    နောက်ပိုင်းမှာလည်း တကိုယ်တော် ဆင်ဂယ်လ်သီချင်းတွေနဲ့ အနုပညာ လှုပ်ရှား မှုတွေ လုပ်ဆောင်နေခဲ့တာဖြစ်ကာ ခုတခါမှာတော့ တမူထူးခြားတဲ့ သူ့ရဲ့ သီဆိုဟန်နဲ့ သီချင်းသစ်တပုဒ်ကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

       “Baby… မိုင်ပေါင်းသောင်းခြောက်ထောင်ဝေးရင်လည်း… နေမဝင်ဘူး ငါ့အချစ် ဘယ်လောက်ဝေးပါစေဟေ့… မုန်တိုင်းတွေခက်ထန်လည်း… Baby… မင်းကြောင့် ဘဝ ဟာ လှပသွား… မင်းလေးမရှိတော့ ငရဲဘုံတပိုင်း… ကြည်ဖြူစွာပြန်လာခဲ့”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013