DVB Logo
Home
မြန်မာသတင်း
စာရေးဆရာ ညီပုလေး၊ မသီတာ(စမ်းချောင်း)၊ ရဲသျှမ်းတို့ပါဝင်သည့် စာပေစကားဝိုင်း အွန်လိုင်းမှ တက်ရောက်နိုင်
DVB
·
November 18, 2020
စာရေးဆရာ ညီပုလေး၊ မသီတာ(စမ်းချောင်း)၊ ရဲသျှမ်းတို့ပါဝင်သည့် စာပေစကားဝိုင်း အွန်လိုင်းမှ တက်ရောက်နိုင်
Donate to DVB

ဒီကနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒဿနပညာနေ့အထိမ်းအမှတ်အနေနဲ့ စာရေးဆရာ ညီပုလေး၊ မသီတာ(စမ်းချောင်း)နဲ့ ရဲသျှမ်းတို့ ပါဝင်ဆွေးနွေးသွားကြမယ့် စာပေစကားဝိုင်းကို အွန်လိုင်းကနေ ကျင်းပသွားဖို့ ရှိနေပါတယ်။

စာပေက ပေးသော ဘဝအတွေးအမြင်များ-“Literature for Ways of Life”လို့ အမည်ပေး ထားတဲ့ ဒီစကားဝိုင်းကိုတော့ နေ့လည် ၁ နာရီ ၃၅ မိနစ်ကနေ ညနေ ၃ နာရီထိ ကျင်းပသွားမှာဖြစ်ပြီး Moderator အနေနဲ့ World Philosopher Day 2020 ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဆန်းထွန်းက တာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲစကားဝိုင်းကို တိုက်ရိုက်တက်ရောက်နားထောင်လိုသူတွေအနေနဲ့ Zoom အက်ပ လီကေးရှင်းကနေတဆင့် Webinar ID: 932 4421 0086 ၊ Passcode: 191120 တို့ကို အသုံး ပြုပြီး တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

ဒဿနိကဗေဒအသင်း(မြန်မာနိုင်ငံ)နဲ့ တက္ကသိုလ်များ  ဒဿနိကဗေဒမိသားစုတို့ ပူးပေါင်း တင်ဆက်တဲ့ World Philosopher Day 2020 အခမ်းအနားကိုတော့ ဒီကနေ့မနက် ၉နာရီခွဲ နာရီကတည်းက စတင်ကျင်းပသွားမှာဖြစ်ကာ တခြားသော ဒဿနစကား ဝိုင်းဆွေးနွေးပွဲတွေ၊ ဟောပြောပွဲတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013