DVB Logo
Home
မြန်မာသတင်း
အသင်းအဖွဲ့ ဥပဒေကြမ်းကိစ္စ ပြည်ထဲရေးနှင့် အရပ်ဘက် တာဝန်ရှိသူများ တွေ့မည်
DVB
·
August 9, 2013
Donate to DVB

အငြင်းပွားဘွယ်ဖြစ်နေတဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းက ကိုယ်စားလှယ်တွေဟာ လွှတ်တော်အပါအ၀င် ဥပဒေကြမ်း ရေးဆွဲတဲ့ ပြည်ထဲရေး တို့နဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းဟာ ၂၀၀၈ ဖွဲ့စည်းပုံပါ နိုင်ငံသားတိုင်း လွတ်လပ်စွာ သင်းပင်း ဖွဲ့စည်းခွင့်ကို ဆန်ကျင်တဲ့အတွက် ဒီဥပဒေကြမ်းကို လက်မခံနိုင်တဲ့အကြောင်း ဇူလိုင်လကုန်က အရပ်ဘက်အဖွဲ့အစည်းတွေ စုပေါင်း ကြေညာချက် ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အရပ်ဘက် အဖွဲ့အစည်းက တာဝန်ရှိသူတွေဟာ နေပြည်တော်မှာ လွှတ်တော်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက်မှာတော့ လွှတ်တော်က တာဝန်ရှိသူတွေအပါအ၀င် ပြည်ထဲရေးနဲ့ တွေ့ဆုံပေးမယ်ဆိုတဲ့ အစီအစဉ်ကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေဟာ လာမယ့် သတင်းပတ်အတွင်း တွေ့ဆုံဖို့ ရှိနေပါတယ်။

ဥပဒေဆွဲရင် အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်ရေးဆွဲခွင့်ရဖို့အတွက် တောင်းဆိုထားတာ ဖြစ်လာနိုင်အောင် အခုလို လုပ်ဆောင်ရတာလို့ အရပ်ဘက်အဖွဲ့အစည်းဆိုင်ရာ လုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ ဒေါက်တာ ကျော်သူက ပြောပါတယ်။

“နိုင်ငံတကာအဖွဲ့အစည်းအပြင် လူတိုင်းလွတ်လပ်စွာ ၀င်ခွင့်ရှိတယ်။ အသင်းဖွဲ့ခွင့်ရှိတယ်။  အဲဒီအဖွဲ့တွေသည်လည်း လွတ်လပ်စွာ အလုပ်လုပ်ပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ သူတို့တွေရဲ့ အတွေးအခေါ်တွေ ပြောခွင့်ရှိတယ်။ ပြီးတော့ လွတ်လပ်စွာ အချင်းချင်း ဆက်သွယ်ပြီတော့ ကွန်ရက်တွေ ဖော်တာတွေ အဲဒါမျိုး ဖြစ်ခွင့်ရှိမယ်။  ပြီးတော့ ငွေကြေး ရန်ပုံငွေတွေ လွတ်လပ်စွာ ရှာခွင့်ရှိတယ်။ အဲဒါတွေကို အစိုးရသည် ဒီဟာတွေပေါ်လာအောင် သူတို့ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ပေးရမယ်။ ဥဗမာ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုတွေ လာလို့ရှိရင် လက်ပန်းတောင်းအရေး၊ ပိုက်လိုင်းအရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း အရေးတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကဏ္ဍသည် တအားအရေးကြီးတယ်။  အဲဒါမျိုး သူတို့လုပ်နေတာတွေဟာ တရားဝင် အားကောင်းကောင်းနဲ့ လုပ်နိုင်အောင် သူတို့ကို ကာကွယ်ပေးတဲ့ ဟာမျိုးဖြစ်ရမယ်ဆိုပြီး အဲဒါ တင်တာ။”

အရပ်ဘက်အဖွဲ့အစည်းတွေပေါ်လာအောင်၊ ပေါ်ထွန်းပြီးသားတွေကိုလည်း ပိုအား ကောင်းအောင်၊ ဥပဒေနဲ့ ကာကွယ်စောင့်ရှောက်ပေးတာ ဖြစ်သင့်သလို ဥပဒေနဲ့ ထိန်းသိမ်းတာ မဖြစ်သင့်တဲ့ အယူအဆကို ပြောင်းလဲဖို့ ကြိုးစားတာလို့ ဆိုပါတယ်။အသင်းအဖွဲ့ဆိုင်ရာ ဥပဒေကြမ်းမှာ အခန်း ၁၀ ခန်းပါဝင်ပြီး၊ ပြည်ထဲရေးဝန်ကြီး ဦးဆောင်တဲ့ ဗဟိုအဖွဲ့ ဖွဲ့စည်းပြီး အဲ့ဒီဗဟိုအဖွဲ့ကပဲ အသင်းအဖွဲ့တွေကို စိစစ်၊ ရွေးချယ်၊ ဆုံးဖြတ်နိုင်တယ်လို့ ဖော်ပြပါရှိပါတယ်။

ဒါ့အပြင် အသင်းအဖွဲ့တွေ မှတ်ပုံမတင်ဘဲဖွဲ့ရင် ထောင်ဒဏ် ၃ နှစ်အထိ ချနိုင်တယ်လည်း ဆိုပါတယ်။အခုလို လုပ်ဆောင်တဲ့အတွက် နောင်မှာ ငြိမ်းချမ်းရေး တည်ဆောက်ရေး ဖြစ်စဉ်တွေ၊ သံယဇာတ ထုတ်ဝေရာမှာ ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စတွေနဲ့ အာဆီယံအတွက်ရော ရေရှည်မှာ ကောင်းမွန်လာအောင် ကြိုးစားတာလို့ ဒေါက်တာကျော်သူက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013