DVB Logo
Home
မြန်မာသတင်း
မယ်စကြဝဠာမြန်မာအလှမယ် မေဘရဏီသော် ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
November 18, 2020
မယ်စကြဝဠာမြန်မာအလှမယ် မေဘရဏီသော် ကိုဗစ်-၁၉ ကူးစက်ခံရ
Donate to DVB

မယ်စကြဝဠာမြန်မာအလှမယ် သရုပ်ဆောင် မေဘရဏီသော်ဟာ ကိုဗစ်-၁၉ ရောဂါကူး စက်ခံထားရပြီး နိုဝင်ဘာ ၁၆ ရက်ကစပြီး အောင်မြင့်မိုရ် ကွာရန်တင်းစင်တာမှာ ကွာရန် တင်းဝင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ ၂၉ ရက်နေ့က မိခင်ဖြစ်သူဟာ ဈေးထွက်ဝယ်ရာကနေ သူ့ဆီ ကူးစက်ခံခဲ့ရပြီး အဒေါ်ဖြစ်သူကိုပါ ထပ်မံကူးစက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး မေဘရဏီသော်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး ပရိသတ်တွေကို အသိပေးထားခဲ့တာ ဖြစ်ပါတယ်။

“အရင်လ ၂၉ ရက်​နေ့က ​မေ​မေ ​​စျေးတခါထွက်ဝယ်တယ်… ထင်တာ​တော့ အဲ​နေ့က ကူးတာ​လို့ ​မေ​သော် ထင်တယ်… ၈ ရက်​နေ့ မဲသွား​ပေးပြီး ပြန်အလာ ​ရေချိုးလိုက်​တော့… အပူရှပ်တာနဲ့ ကိုယ်ခံအားနည်းတဲ့အချိန် တိုက်ဆိုင်သွားတာလားမသိ… ​မေ​မေ စဖျားပါတယ်… မေ​မေဖျားတဲ့အချိန် ​မေ​မေကို အနီးကပ် ​စောင့်ကြည့်​​ဂရုစိုက်​နေတဲ့ ကိုယ် နဲ့ အန်တီလည်း ကူး​တော့တာ​ပေါ့”

အဲဒီနောက်ပိုင်း ရောဂါကူးစက်ခံရတဲ့ လက္ခဏာတွေ ပြလာခဲ့တဲ့အတွက် မိသားစုလိုက် သွားရောက်စစ်ဆေးမှု ခံယူရာမှာတော့ Positive ဖြစ်ခဲ့လို့ ကွာရန်တင်းဝင်ခဲ့ရတာ ဖြစ်ပါတယ်။

“၁၄ ရက်​နေမှာ ​မေ​မေက ကိုယ်ပူနည်းနည်းရှိတာကလွဲလို့​ ပြန်​ကောင်းလာပါတယ်... မေ​သော်က​တော့ ကိုယ်ပူပြီး လည်​ချောင်း​တွေနာ… ကိုယ်လက်ကိုက်ခဲလာပါတယ်… အန်တီက​တော့ အနံ့မရ​တော့ပါ… ၁၅ ရက်​နေ့မှာ ​မေ​​သော်လည်း အနံ့မရ​တော့တာ​​ကြောင့် ​မေဓာဝီ​ဆေးရုံက Fever Clinic မှာ ၁၆ ရက်​နေ့ ​မေ​မေ… အန်တီ… ​ဖေ​ဖေ… မေ​သော်… ၄​ ယောက်သွား​ရောက်စစ်ခဲ့ပါတယ်… ဖေ​ဖေကတော့ ကျန်းမာပြီး Positive လူနာနဲ့ ထိ​တွေ့မှုမရှိ (အဲ့တုန်းက ​မေ​သော်တို့ အ​​ဖြေမသိရ​သေး)တာ​ကြောင့်​ သောက်ရမယ့် ဆေး​ပေးပြီး ​ဆေးမစစ်ဖြစ်လိုက်ပါ…. မေ​သော်တို့ ကျန်သုံး​ယောက်က​ ဆေးစစ်လိုက်ရပါတယ်… အ​​ဖြေက Positive ဖြစ်လို့ အဲ့​နေ့ပဲ ​အောင်မြင့်မိုရ်မှာ Quarantine ဝင်ရပါတယ်”

အသက် ၃၀ အရွယ် ရှိနေပြီဖြစ်တဲ့ မေဘရဏီသော်ဟာ ၂၀၁၄ ခုနှစ်မှာ Miss International Myanmar (1st Runner-up)၊ ၂၀၁၅ ခုနှစ်မှာ Miss Universe Myanmar Winner ဆုတွေကို ဆွတ်ခူးရရှိခဲ့ပြီးနောက်ပိုင်းမှာတော့ သရုပ်ဆောင်အနုပညာလမ်း‌ကြောင်းပေါ် ဆက်လက်လျှောက် လှမ်းလာခဲ့သူ ဖြစ်ပါတယ်။

အခမ်းနားဆုံးမေတ္တာ ရုပ်ရှင်ကားထဲမှာလည်း မေဘရဏီသော်က ပါဝင်သရုပ်ဆောင်ခဲ့သလို ပန်းနှစ်ပွင့်စီးချင်း၊ ဇနီးချောများကွန်ရက် စတဲ့ ရုပ်သံစီးရီးစ်တွေနဲ့လည်း ပရိသတ်တွေ အခိုင်အမာ ရရှိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကိုဗစ်-၁၉ ကူးစက်ခံရတဲ့အပေါ် အတတ်နိုင်ဆုံးကာကွယ်ခဲ့ပေမယ့် ဖြစ်လာတဲ့အပေါ်မှာတော့ အကောင်းမြင်စိတ်နဲ့ ဖြတ်သန်းနေတယ်လို့ ပြောပါ တယ်။

“အခုထိလည်း အ​ကောင်းမြင်စိတ်နဲ့ ဖြတ်သန်း​နေပါတယ်… မဖြစ်ခင်က အတတ်နိုင်ဆုံး ကာကွယ်​ပေမယ့်… ဖြစ်လာခဲ့ရင်လည်း အ​ကောင်းမြင်စိတ်နဲ့ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါတယ်… မိတ်​ဆွေတို့လည်း ကိုယ်ခံအား​ကောင်း​အောင် ဂရုစိုက်ကြပါ​​နော်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013