
ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ ရပ်နားထားရတဲ့ ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်ရိုက်ကူးခွင့်ပြုဖို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ပြန်ကြားရေးဝန်ကြီးထံ နိုဝင်ဘာ ၁၆ ရက် ရက်စွဲနဲ့ စာပေးပို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယလှိုင်း ထပ်မံကူးစက်ပျံ့ပွားလာတဲ့အတွက် ရပ် နားထားခဲ့ရတဲ့ ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲ၊ ကြော်ငြာ၊ အမ်တီဗီစတဲ့ ရိုက်ကူးရေးလုပ်ငန်း အမျိုးမျိုးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြေညာ ချက်တွေနဲ့အညီ ပြန်လည်ရိုက်ကူးခွင့်ပြုနိုင်ဖို့အတွက် လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးဖို့ စားဝတ်နေရေးကြပ်တည်းနေတဲ့ ရုပ်ရှင်လောကသားတွေကိုယ်စား တင်ပြအကူအညီတောင်းခံကြောင်း အစည်းအရုံး ဥက္ကဋ္ဌ ဒါရိုက်တာ ညီညီထွန်းလွင် လက်မှတ်ရေးထိုးထားတဲ့ စာမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်က တရုတ်နိုင်ငံအလယ်ပိုင်း၊ ဝူဟန်မြို့က စတင်ခဲ့ တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ပျံ့နှံ့လာခဲ့ပြီး လတ်တလော အချိန်ထိ ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်မှာ ကူးစက်ခံရသူဦးရေ စုစုပေါင်း ၅၅ သန်းကျော်ရှိခဲ့ပြီ ဖြစ် ကာ သေဆုံးသူ ၁ ဒဿမ ၃ သန်း ကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ မတ်လ ၂၃ ရက် နေ့မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်က တကျော့ပြန်ကူးစက်မှုတွေ နဲ့ ဒုတိယလှိုင်းကာလ မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၇၀,၁၆၁ယောက်၊ သေ ဆုံးသူ ၁,၅၉၉ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၅၃,၂၉၉ ယောက်ရှိပြီလို့ ကျန်းမာရေး ဝန် ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဒီအခြေအနေတွေကြောင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စီးပွားရေး လုပ်ငန်းတွေ၊ စားသောက်ဆိုင်တွေ၊ ဘုရားကျောင်းကန်နဲ့ စာသင်ကျောင်းတွေ၊ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်အခမ်း အနားတွေအပါအဝင် ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကိုပါ ကာလအတန်ကြာ ရပ်ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။











