DVB Logo
Home
မြန်မာသတင်း
ရဲကင်း မီးရှို့ခံရမှု ရခိုင်ပြည်နယ် ပြန်ကြားရေးတာဝန်ခံနှင့် မေးမြန်းချက်
DVB
·
August 9, 2013
Donate to DVB

ရခိုင်ပြည်နယ်၊ စစ်တွေမြို့က အုန်းတောဒုက္ခသည်စခန်းမှာ ဒီနေ့မနက်ပိုင်းက ရဲကင်းနဲ့ လုံခြုံရေး အဆောက်အဦတချို့ မီးရှို့ခံလိုက်ရပါတယ်။

မွတ်စလင်ဒုက္ခသည်တွေနဲ့ ရဲတပ်ဖွဲဝင်တချို့ ပဋိပက္ခဖြစ်ပွားရာက စတင်ခဲ့တာလို့ ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ဦးဝင်းမြို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဒုက္ခသည် စခန်းမှာ ဘင်္ဂါလီတွေက ရဲစခန်းကို မီးရှို့လိုက်တယ်လို့ ကြားတယ်။ ဦးဝင်းမြိုင်တို့ ဘယ်လိုကြားလဲ။

“ဖြစ်စဉ်တွေက ဒီလိုပါ။ အုန်းတော်ဒုက္ခသည်စခန်း ချောင်းဝမှာ အမျိုးသမီးအလောင်းတလောင်း တွေ့လို့ဆိုပြီးတော့ ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်လောက်မှာ ရဲတပ်ဖွဲ့တွေက ရဲလုပ်ထုံး လုပ်နည်းအရ စစ်ဆေးဖို့ သွားယူပါတယ်။ အဲဒီလို သွားယူတာကို ဘင်္ဂါလီတွေက အဲဒီအလောင်းကို သူတို့အပ်ရမယ်ဆိုပြီးတော့ တောင်းဆိုကြတယ်။ တောင်းဆိုတော့ မပေးတဲ့အတွက် သူတို့လူအုပ်တွေ တဖြည်းဖြည်းနဲ့ ထောင်ဂဏန်း လောက်ရှိလာပြီး အဲဒီက ရဲစခန်း ရဲကင်းကို မီးရှို့တယ်။ နောက်ပြီးတော့ အရင် နကသ (နယ်စပ်ကုန်သွယ်ရေး) တွေ နေခဲ့တဲ့ အဆောက်အဦ သုံးလေးလုံးကိုလည်း အဲဒီမှာ လူအုပ်နဲ့ ၀ိုင်းပြီးတော့ မီးရှို့တယ်။ အဲဒီအတွက် ရဲကနေပြီးတော့ ပထမတော့ ခြောက်ပြီး မိုးပေါ်ထောင်ပစ်တယ်။ သူတို့က ပိုအတင့်ရဲလာပြီး ပစ်ခတ်တဲ့အတွက် သုံးလေးဦးလောက် ဒဏ်ရာရသွားတယ်၊ သေဆုံးတာတော့ မရှိပါဘူး။”

အခုအခြေအနေတွေကို ထိန်းချုပ်ထားနိုင်ပြီလား။

“အခြေအနေကို ထိန်းချုပ်ထားတာပဲ။ ဒါပေမယ့် အဲဒီလုံခြုံရေး အဖွဲ့တွေက ပြန်မလာသေးပါဘူး။ ဒီဘက်က ကျနော်တို့ လုံခြုံရေးဝန်ကြီး ကိုယ်တိုင် အဲဒီဘက်ကို လိုက်သွားပါတယ်"

သေဆုံးသွားတဲ့ အမျိုးသမီးအလောင်းနဲ့ ပတ်သက်ပြီး နောက်ဆက်တွဲ ဘာတွေ သိရသလဲ။

“ကျနော်တို့က ဘာကြောင့်သေလဲဆိုတာ စစ်ဖို့ ရဲက သွားယူတာပါ။”

အဲဒါက ဘင်္ဂါလီအမျိုးသမီးပဲလား။

“ဟုတ်ပါတယ်။ ဘင်္ဂါလီအမျိုးသမီး အလောင်းသေလို့ ရဲက သတင်းရလို့ ဒီအလောင်းကို သွားယူတာပါ။"

အခုမြန်မာစံတော်ချိန် ၅ နာရီလောက်ရှိပြီ။ နောက်ဆုံးအခြေအနေ ဘာပြောနိုင်မလဲ။

“အခုငြိမ်ပြီးတော့ အဲဒီမှာတော့ ဘာမှထပ်ပြီး ပြဿနာ မဖြစ်တော့ပါဘူး။”ရဲကင်းနဲ့ နကသတွေ နေခဲ့တဲ့ စခန်းတွေ မီးရှို့တာ အကုန်လုံး ပြာကျသွားတာ ဘယ်လိုအနေအထား ဖြစ်သွားလဲ။“အဲဒါကျနော်လည်း မသိရသေးဘူး။ ကျနော့်တပည့်လည်း အဲဒီမှာ ပါသွားတဲ့အတွက် ပြန်မလာသေးတော့ အခြေအနေတွေကို အတိအကျ ကျနော် မပြောနိုင်သေးတာပါ။”

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အဖွဲ့အနေနဲ့ ဒီဖြစ်စဉ်အပေါ်မှာ ဘာများပြောစရာရှိလဲ။

“မစ္စတာ ကင်တာနား လာမှာကို ပြဿနာဖြစ်အောင် လုပ်တယ်လို့ပဲ ကျနော်က ယူဆပါတယ်။ ကျနော်တို့က နှစ်ဦးနှစ်ဖက် ပြေလည်အောင် အကုန်လုံးလုပ်ပေးနေတာ သူတို့ဘက်က ဒီလိုလုပ်လုပ်လာတာတော့ မကောင်းဘူးပေါ့။”

ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင်တဲ့ သဘောလား။

“ကျနော်ကတော့ အဲဒီလိုပဲ ထင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013