DVB Logo
Home
မြန်မာသတင်း
လက်ပံတန်းမြို့နယ်၌ ရန်ကုန်ပြန် သံဃာ ၃ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂၂ ဦးထပ်တိုး  
DVB
·
November 17, 2020
လက်ပံတန်းမြို့နယ်၌ ရန်ကုန်ပြန် သံဃာ ၃ ပါးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂၂ ဦးထပ်တိုး  
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က ကိုဗစ်-၁၉ လူနာသစ် ၂၂ ဦး ထပ်မံတွေ့ရှိရာမှာ မြို့တွင်းကူးစက်ခံရတဲ့ ၂ နှစ်အရွယ်ကလေးငယ်နဲ့ ရန်ကုန်ပြန် သံဃာ ၃ ပါး ပါဝင်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲဝင်းက "၂ နှစ်ကလေးက အာရှအချိုရည်ရဲ့ အဆက်ဖြစ်ပြီးတော့၊ ရန်ကုန်၊ စမ်းချောင်းက ပြန်လာတဲ့ သံဃာက ၃ ပါး ပါတယ်။ သံဃာ ၃ ပါးအပါအဝင် ကျန်တာအားလုံးကတော့ ရန်ကုန်ပြန်တွေချည်းပါပဲ။ ရန်ကုန်ပြန်တွေကို အခုအစီအစဉ်အရ  GTI မှာထားပြီး ၃ ရက်တစ်ခါ RDT နဲ့ စစ်၊ negative ထွက်ပြီဆိုရင် သက်ဆိုင်ရာ ရွာတွေက ကွာရန်တင်းတွေကိုပို့၊ ၁၁ ရက်ကြာတော့မှ Swab ထုတ်ယူပြီး NHL ကို ပို့ပြီး စစ်တာ ဖြစ်တယ်။ အခုရောဂါပိုးတွေ့သူ အားလုံးကို ဆေးရုံ positive ​ဆောင်မှာပဲ ထားပါမယ်။ သံဃာတွေကတော့ ဆေးရုံသံဃာဆောင်မှာပဲ ထားပါမယ်" လို့ ပြောပါတယ်။

လက်ရှိ လက်ပံတန်းမြို့ ​ပြည်သူ့ဆေးရုံရဲ့ positive ဆောင်မှာ ရောဂါပိုးတွေ့ရှိသူ ၁၁  ယောက် ကျန်ရှိနေပြီး၊ အခုတွေ့ရှိတဲ့ လူနာသစ်  ၂၂ ယောက်နဲ့ဆိုရင်  ၃၂ ဦး ရှိမှာ ဖြစ်ပါတယ်။ လူနာတွေကို  viber အသုံးပြုပြီး၊ တာဝန်ကျဆရာဝန်တွေက Video conferencing  စနစ်နဲ့  စောင့်ကြပ်ကြည့်ရှု နေတယ်လို့ မြို့နယ်ဆရာဝန်ကြီးက ပြောပါတယ်။

လက်ပံတန်းမြို့နယ်မှာ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၃၀၉  ဦး၊  ဆေးရုံမှ ဆင်းခွင့်ရသူ  ၂၇၆ ဦးရှိပြီး  ဆေးရုံမှာ ဆက်လက် ဆေးကုသမှုခံယူနေသူ ၃၂ ဦး ကျန်ရှိပါတယ်။

သတင်း - ဝဏ္ဏထွန်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013