DVB Logo
Home
မြန်မာသတင်း
ကင်တားနား ၁၁ ရက်ကြာခရီးစဉ် ကချင်၊ ရှမ်း၊ ချင်းပြည်နယ်ကို သွားမည်
DVB
·
August 9, 2013
ကင်တားနား ၁၁ ရက်ကြာခရီးစဉ် ကချင်၊ ရှမ်း၊ ချင်းပြည်နယ်ကို သွားမည်
Donate to DVB

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ် သောမတ်အိုဟေး ကင်တားနားက မြန်မာနိုင်ငံကို ဩဂုတ် ၁၁ ရက်ကနေ ၂၁ ရက်နေ့ အထိ ၁၁ ရက်ကြာ ခရီးစဉ်မှာ ရခိုင်၊ ကချင်၊ ရှမ်း၊ ချင်းပြည်နယ်နဲ့ မိတ္တီလာတို့ကို သွားရောက်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နာ မင်းကြီးရုံးက ထုတ်ပြန်ပါတယ်။



[caption id="attachment_20766" align="alignleft" width="300" caption="မစ္စတာ ကင်တားနား"][/caption]

တိုင်းပြည်ရဲ့ နေရာဌာနအတော်များများကို သွားရောက်ဖို့ အစိုးရက သဘောတူညီချက်ဟာ ပြုပြင်ပြောင်းလဲရေးတွေ ရှေ့ဆက်သွားနေတဲ့အချိန်မှာ လူ့အခွင့်အရေးအခြေအနေ ဘယ်လိုရှိသလဲ ဆိုတာကို ကြည့်ရှုဖို့ အခွင့်ရေးရစေပါတယ်လို့ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာတော့ သမ္မတ ပြောကြားထားတဲ့ ယဉ်ကျေးမှု ခြားနားတဲ့  လူမှုအသိုင်းအ၀ိုင်းတွေ အတူယှဉ်တွဲနေထိုင်ရေး လုပ်ဆောင်ချက်တွေ၊ အာဏာပိုင်တွေအပါအ၀င် လူအခွင့်အရေးချိုးဖောက်မှု ကျူးလွန်သူတွေကို ကိုယ်တွယ်ပုံတွေ ကြည့်ရှုမှာ ဖြစ်သလို ရိုဟင်ဂျာတွေအပေါ် ခွဲခြား ဆန့်ကျင်တဲ့ အခြေအနေကနေ ဘယ်လောက်တိုးတက်လာသလဲဆိုတာ ကြည့်ရှုမယ်လို့ သူက ပြောပါတယ်။

မန္တလေးတိုင်း မိတ္တီလာမှာလည်း အစိုးရနဲ့ ဘာသာရေးဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်တွေက ကိုးကွယ်ယုံကြည်မှု မတူညီတဲ့ ဘာသာရေးအုပ်စုတွေအကြား ပြည်လည်ရင်ကြားစေ့ရေးနဲ့ ယုံကြည်မှု ပိုရလာအောင် ဘယ်လိုလုပ်ဆောင်နေကြသလိုဆိုတာ ကြည့်ချင်သလို  မတ်လမှာ ဖြစ်ခဲ့တဲ့ ဒီအကြမ်းဖက်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုကို မီးမောင်းထိုးပြချင်တယ်လို့လည်း မစ္စတာ ကင်တားနားက ပြောပါတယ်။

ချင်း၊ ကချင်၊ ရှမ်းပြည်နယ်တွေကို သွားတာဟာလည်း တခြားဘာသာနဲ့ မြန်မာက တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး အခြေအနေကို သိဖို့ အခွင့်အရေး ရမှာဖြစ်သလို ငြိမ်းချမ်းရေးဖြစ်စဉ်က ဘယ်လို တိုးတက်မှုရှိသလဲဆိုတာ သိခွင့်ရမယ်လို့ ဆိုပါတယ်။

ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်ခရီးစဉ်တွေကတော့ တခြားဘာသာရေးနဲ့ တိုင်းရင်းသား လူနည်းစုတွေတွေရဲ့ လူ့အခွင့်အရေးအခြေအနေတွေ၊  ငြိမ်းချမ်းရေးညှိနှိုင်း ဆွေးနွေးမှုတွေရဲ့ ဖြစ်ထွန်းတိုးတက်မှုကို သိခွင့်ရစေလိမ့်မယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ခရီးစဉ်အတွင်း ထိန်းသိမ်းခံထားရတဲ့  နိုင်ငံတကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းက လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး ၀န်ထမ်းနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ သူတွေဆီကိုလည်း လည်ပတ်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။

မစ္စတာ ကင်တားနားက လယ်ယာမြေ အငြင်းပွားမှုကိစ္စနဲ့ ဖွံ့ဖြိုးရေး စီမံကိန်းကြီးတွေကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ကိစ္စတွေ၊  လုပ်ငန်းတွေ တိုးချဲ့မှုကြောင့် လူ့အခွင့်အရေးပေါ် သက်ရောက်မှု ရှိလာတဲ့အပေါ် စိုးရိမ်ပူပန်မှုတွေကို ဆွေးနွေးဖို့ ရှိပါတယ်။

ဒါ့အပြင် လတ်တလော မူကြမ်းရေးဆွဲထားပြီးဖြစ်တဲ့ ပုံနှိပ်နဲ့ ထုတ်ဝေရေး ဥပဒေကြမ်း အသင်းအပင်းဖွဲ့စည်းမှုဥပဒေမူကြမ်းကို နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းနဲ့ ကိုက်ညီရေးကိစ္စတွေကိုလည်း အစိုးရနဲ့ ဆွေးနွေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။

ခရီးစဉ်အဆုံး မစ္စတာ ကင်တားနားက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်မှာဖြစ်သလို အစီရင်ခံစာကိုလည်း အောက်တိုဘာလ ကျင်းပမယ့် အထွေထွေ ညီလာခံကို တင်သွင်းမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013