DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲဌာနနှင့် ကုသရေးအထူးကြပ်မတ်ဆောင် ဖွင့်လှစ်
DVB
·
November 16, 2020
မန္တလေးတွင် ကိုဗစ်-၁၉ ဓာတ်ခွဲဌာနနှင့် ကုသရေးအထူးကြပ်မတ်ဆောင် ဖွင့်လှစ်
1 / 5
Donate to DVB

နိုင်ငံတကာအဆင့်မီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန( Public Health Laboratory- Mandalay) နဲ့ ကိုဗစ်ကုသရေးဌာန ဧရာဝတီစင်တာ အထူးကြပ်မတ်ကုသဆောင်ကို ဒီနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ကစတင် ဖွင့်လှစ် အသုံးပြုနေပြီလို့ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။

မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က “ကိုဗစ်ရောဂါကုသေရးဌာန ဧရာဝတီစင်တာရဲ့ အထူးကြပ်မတ်ကုသဆောင်နဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းအသစ် တနင်္လာနေ့မှာ ဖွင့်ပါမယ်။ ICU Intensive Care Unit  ခုတင်  ၂၄ ခုတင်နဲ့ HDU High-dependency unit ခုတင် ၅၁ ခုတင်စလုံးလိုအပ်တဲ့ medical equipments ဆေးကုသမှုအထောက်အကူပစ္စည်း အသစ်တွေ တပ်ဆင်ပြီးပါပြီ။ ကျောက်ကပ်ဆေးတဲ့ စက် ၃ စုံ၊ wireless portable digital x ray စက်၊ ultrasound နဲ့ ခေတ်မီဓာတ်ခွဲခန်းတခု  ပါပါတယ်” လို့ မြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောပါတယ်။

ဧရာဝတီစင်တာမှာတော့ ရောဂါလက္ခဏာ မပြင်းတဲ့ ပိုးတွေ့လူနာ အယောက် ၂၀၀ ကို လက်ခံကုသပေးနေပြီး နောက်ထပ် လူနာ ၁၀၀ ဆံ့ တဲ့အဆောင်တစ်ခု ထပ်မံတည်ဆောက်နေပါတယ်။

ဧရာဝတီစင်တာမှာရှိတဲ့ ကျန်းမာရေးဓာတ်ခွဲခန်းအသစ်ကလည်း နေ့စဉ် လူအယောက် ၁၀၀၀ ကျော်ကို  RT PCR နဲ့ စမ်းသပ်ပေးနိုင်တော့မှာဖြစ်တယ်လို့ ဒေါက်တာရဲလွင်က ပြောပါတယ်။

နိုင်ငံတကာအဆင့်မှီ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (Public Health Laboratory- Mandalay)ဟာ မဟာအောင်မြေမြို့နယ် ၃၅လမ်းပေါ်မှာရှိတဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၀န်းအတွင်းမှာရှိတဲ့ မြေနေရာမှာတည်ဆောက်ထားတာပါ။

အဲဒီနေရာမှာ နိုင်ငံတကာအဆင့်မှီ ဓာတ်ခွဲခန်းတွေ၊ နည်းပညာဖလှယ်ဖို့ သင်တန်းခမ်းမ၊ နိုင်ငံခြားဓာတ်ခွဲခန်းတွေလို Sensor Air Lockတံခါးတွေ၊ Negative Pressure စနစ် ဓာတ်ခွဲခန်းတွေ ပါဝင်တယ်လို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း- ခင်ပြည့်စုံဝင်း

ဓာတ်ပုံ- ဒေါက်တာရဲလွင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013