DVB Logo
Home
Lead Story
မီးမီးခဲအမှတ်တရ “See u again in Heaven!”သီချင်း(ရုပ်သံ)
DVB
·
November 16, 2020
မီးမီးခဲအမှတ်တရ “See u again in Heaven!”သီချင်း(ရုပ်သံ)
Donate to DVB

       ကွယ်လွန်သူ အဆိုတော် မီးမီးခဲအမှတ်တရ အနေနဲ့ အဆိုတော် မီးနိုနဲ့ တခြားအနု ပညာရှင်တွေ ပါဝင်ထားကြတဲ့ သီချင်းသစ်တပုဒ် ထွက်ရှိလာခဲ့ပါတယ်။

       See u again in Heaven! လို့ အမည်ပေးထားခဲ့တဲ့ ဒီသီချင်းကိုတော့ တေးရေး ဆလိုင်းက ရေးစပ်ပေးထားခဲ့တာဖြစ်ပြီး မီးနိုနဲ့အတူ တခြားအဆိုတော်တွေ အနုပညာရှင် တွေဖြစ်ကြတဲ့ ဟဲလေး၊ ဝေကြီး၊ ကျော်သီဟ၊ Jenny ၊ ဟန်ထူးဈာန်၊ ကောင်းကောင်း၊ ဇွဲပြည့်၊ ပိုင်တံခွန်၊ ရှိုင်းဝေယံ၊ နီနီခင်ဇော်၊ ဖြူဖြူဟန်၊ လိမ္မော်သီး၊ ဘီလီလမင်းအေးစတဲ့ အနုပညာရှင်တွေလည်း ပါဝင်ထားကြတာကို တွေ့ရပါတယ်။

       မီးမီးခဲဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာမို့ ဒီကနေ့မှာတော့ တလပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

    ‘အချစ်ကိုသိချိန်’၊ ‘ငါ့အကြောင်းနဲ့ငါ့ကံ’စတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြား ရေပန်းစားခဲ့တဲ့ အဆိုတော် မီးမီးခဲဟာ ကွယ်လွန်သူ တေးရေးဂီတပညာရှင် စောဘွဲ့မှူးရဲ့ သမီးငယ် ဖြစ်ပြီး အဆိုတော် ကဗျာဘွဲ့မှူးရဲ့ ညီမငယ် ဖြစ်ပါတယ်။

    သူဟာ ၂၀၁၉ ခုနှစ်အတွင်းက ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီးနောက် ကင်ဆာအဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး  သြစတြေးလျနိုင်ငံမှာ နေထိုင်ကာ ဆေး ကုသမှု ခံယူနေခဲ့တာ ဖြစ်ပါတယ်။

    “မီးမီးခဲ – BACK TO YOU” လို့ အမည်ပေးထားတဲ့ သူ့ရဲ့ တကိုယ်တော် တေး ဂီတဖျော်ဖြေပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့တုန်းက ရန်ကုန်မြို့၊ တော်ဝင်ဂါးဒင်း ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ရရှိတဲ့ငွေတွေကို ကင်ဆာဝေဒနာရှင်တွေအတွက် လှူဒါန်းခဲ့ပါ သေးတယ်။

       ခုတခါ အသစ်ထွက်ရှိလာခဲ့တဲ့ မီးနိုရဲ့ သီချင်းထဲမှာတော့ မီးမီးခဲကို ချစ်ခင်ကြတဲ့ သူ့ရဲ့ ပရိသတ်တွေရဲ့ အမှတ်တရစာတွေ၊ ကဗျာတွေ၊ မီးမီးခဲရဲ့ ထင်ရှားတဲ့ သီချင်းအပိုင်း အစတွေနဲ့ ဖန်တီးပုံဖော်ထားခဲ့တာ ဖြစ်ပါတယ်။

       မီးနိုက ဒီသီချင်းရုပ်သံကို သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်ကတဆင့် ခုလိုရေးသားပြီး မျှဝေထားခဲ့တာကို တွေ့ရပါတယ်။

       “အမ ခွဲသွားတာတစ်လတောင်ရှိပြီနော်… ကြိုသွားနှင့်ပါအမ…  တစ်နေ့ပြန်ဆုံကြ မယ်နော် 🙏🏻🎈 I love you sis️ အေးချမ်းတဲ့ အရိပ်မှာ နားခိုအိပ်စက်ပါတော့ ငှက် ငယ်လေးရယ်… အကောင်းဆုံးသီချင်းများကို မင်းလေးဆက်ဆို​နေပါ… အပြုံးနဲ့ မင်းလှပနိုင်ဖို့… ငါတို့တွေ အားလုံး ဆုတောင်းပေးနေပါတယ် 😌💕… ငြိမ်းချမ်းစွာနဲ့ အိပ်စက်နားခိုပါတော့ ငှက်ငယ်လေးရယ်… ကောင်းကင်ဘုံထက် မင်းပျော်မွေ့ပါစေ…  တို့တွေ အားလုံး မင်းအတွက် ဆုတောင်းနေပါတယ်… တစ်နေ့ပြန် ဆုံတွေ့ကြမယ်”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013