DVB Logo
Home
မြန်မာသတင်း
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၆၉,၀၀၀ နီးပါးရှိ၊ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၂၂ ခု ရှိလာ
DVB
·
November 16, 2020
မြန်မာတွင် ကိုဗစ်-၁၉ လူနာ ၆၉,၀၀၀ နီးပါးရှိ၊ ထောင်ချီကူးစက်ခံရသည့် မြို့နယ် ၂၂ ခု ရှိလာ
Donate to DVB

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ မြန်မာတနိုင်ငံ လုံးအတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၆၉,၀၀၀ နီးပါးရှိပြီး လူနာ ထောင်ချီကူးစက်ခံရတဲ့ မြို့နယ်ပေါင်း ၂၂ ခုထိ ရှိလာပါတယ်။

အဲဒီမြို့နယ်တွေထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၁ မြို့နယ် ပါဝင်နေတာဖြစ်ပြီး ရခိုင်ပြည်နယ်က တမြို့နယ် ပါဝင်နေတာပါ။

ဒီမြို့နယ် ၂၁ ခုထဲမှာတော့ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာတဲ့ မြို့နယ် ၃ မြို့နယ်၊ ၂,၀၀၀ ကျော်လာတဲ့ မြို့နယ် ၄ မြို့နယ်ထိ ပါဝင်နေတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နဲ့ လှိုင်သာယာ မြို့နယ်တွေကတော့  ပိုးတွေ့လူနာဦးရေ ၃,၆၈၃ ယောက်၊ ၃,၄၆၁ ယောက်၊ ၃,၃၁၂ ယောက်စီနဲ့ ကူးစက်မှုအများဆုံး မြို့နယ်တွေ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ်တွေအနေနဲ့ ရန်ကုန်တိုင်းမြို့နယ်တွေဖြစ် ကြတဲ့ သင်္ဃန်းကျွန်း၊ အင်းစိန်၊ မရမ်းကုန်းနဲ့ လှိုင်မြို့နယ်တွေက ပိုးတွေ့လူနာဦးရေ ၂,၉၃၆ ယောက်၊ ၂,၈၅၉ ယောက်၊ ၂,၁၆၀ ယောက်၊ ၂,၀၀၄ ယောက်စီနဲ့ ကူးစက်ခံထားရ တာပါ။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ်တွေ အနေနဲ့ ရွှေပြည်သာ၊ သန်လျင်၊ တောင်ဥက္ကလာပ၊ တာမွေ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ သာကေတ၊ မင်္ဂလာတောင်ညွန့်၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေ၊ စမ်းချောင်း၊ ဒလ၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဗဟန်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွေက အစဉ်လိုက် ၁၅ မြို့နယ်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကစတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၇ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၆၉,၀၀၀ နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ နိုဝင်ဘာ ၁၅ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံ လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၆၈,၉၉၄ ယောက်ရှိလာခဲ့ပြီ ဖြစ်ကာ သေဆုံးသူ ၁,၅၇၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူစုစုပေါင်း ၅၂,၃၅၁ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေ အတွက် ၅၂,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံး ဖြစ်ကာ ဒုတိယနေရာမှာတော့ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေက ပိုးတွေ့ လူနာ ၃,၀၀၀ ကျော်စီ ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅၄ ဒသမ ၅ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၃ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၃၈ သန်း ကျော် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013