DVB Logo
Home
မြန်မာသတင်း
လုပ်လေ့လုပ်ထ မရှိသည့်အတွက် ရှစ်လေးလုံးသတင်း နိုင်ငံပိုင်သတင်းစာတွင် မဖော်ပြခြင်းဖြစ်ဟုဆို
DVB
·
August 8, 2013
လုပ်လေ့လုပ်ထ မရှိသည့်အတွက် ရှစ်လေးလုံးသတင်း နိုင်ငံပိုင်သတင်းစာတွင် မဖော်ပြခြင်းဖြစ်ဟုဆို
Donate to DVB

ရှစ်လေးလုံးအရေးတော်ပုံ ငွေရတု လှုပ်ရှားမှုတွေကို နိုင်ငံပိုင်သတင်းစာတွေမှာ ရေးသားဖော်ပြခြင်း အလျဉ်းမရှိတာဟာ လုပ်လေ့လုပ်ထမရှိတဲ့အတွက် ဖြစ်တယ်လို့ ကြေးမုံသတင်းစာ အယ်ဒီတာချုပ် ဦးခင်မောင်ကျော်ဒင်က ပြောပါတယ်။

ရှစ်လေးလုံးငွေရတု လှုပ်ရှားမှုတွေ အခမ်းအနားတွေကို ရန်ကုန်၊ မန္တလေးနဲ့ နယ်မြို့တွေမှာပါ ခမ်းခမ်းနားနား စည်စည်ကားကား ကျင်းပပြုလုပ်နေကြတာတွေကို နေ့စဉ်ထုတ် ပုဂ္ဂလိက သတင်းစာတွေမှာ ဝေေ၀ဆာဆာ ရေးသားဖော်ပြနေကြပေမယ့် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဖော်ပြတာ မတွေ့ရပါဘူး။

ဒီလို မဖော်ပြတာနဲ့ ပတ်သက်ပြီး ဦးခင်မောင်ကျော်ဒင်က “ဘယ်ကမှ ညွှန်ကြားချက်တော့ မရှိပါဘူး။ သတင်းထောက်တွေကလည်း လုပ်လေ့လုပ်ထ မရှိဘူးလေ။ လုပ်လေ့လုပ်ထမရှိတော့ ပို့ရကောင်းမှန်မသိလို့ပါ။ တချို့ တပုဒ်တလေတော့ ကျနော်တွေ့မိတယ်။ ဒါလည်း ဖြစ်ဖြစ်မြောက်မြောက်လောက် မဟုတ်ဘူး၊ ဟုတ်တိပတ်တိလည်း မဟတ်ဘူး။ အဲဒါမျိုးလေးတွေတော့ ရှိတယ်။ မရောက်ဘူးပေါ့နော်။ ကျနော်တို့ကလည်း ထူးထူးထွေထွေ မှာထားတာလည်း မရှိတော့ သတင်းမ၀င်လို့ မပါတာပေါ့” လို့ ပြောပါတယ်။

ငွေရတုပွဲတွေကို ဩဂုတ် ၆ ရက်ကစပြီး ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ စတင်ကျင်းပနေကြတာ ဖြစ်ပါတယ်။ နိုင်ငံပိုင်သတင်းစာတွေမှာ ဩဂုတ် ၈ ရက်အထိ ရှစ်လေးလုံးအရေးတော်ပုံသတင်း ဖော်ပြတာ လုံးဝမတွေ့ရပါဘူး။အခုလို နိုင်ငံပိုင်သတင်းစာတွေက ငွေရတုသတင်းတွေ ထည်းသွင်းဖော်ပြခြင်း မရှိတာဟာ အစိုးရ သတင်းစာတွေ ဖြစ်နေတာကြောင့်လို့ ရွှေနိုင်ငံသစ်သတင်းစာအယ်ဒီတာချုပ် ဖိုးသောကြာက ပြောပါတယ်။

“ဒီလို သတင်းမျိုးတွေ ဖော်ပြတဲ့ အလေအကျင့်မရှိဘူးဆိုတာ မှန်သလို၊ မဖော်ပြချင်လို့ မဖော်ပြဘူးဆိုရင်လည်း ကျနော်ကတော့ ဒီလိုပဲထင်တယ်။ အစိုးရသတင်းစာက သူတို့သိစေချင်တာပဲ ပြည်သူကို ပေးတာကိုး။ ဒါသတင်းစာမှ မဟုတ်တာ။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။ နေ့စဉ်ဖြန့်နေတဲ့ သူတို့ သတင်းစာလို့ ကျနော်တို့က သတ်မှတ်တာကိုး။ တကယ်တော့ သူတို့ရဲ့ သတင်းစာ အင်္ဂါရပ်၊ တကယ်တမ်း စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတနိုင်ငံရဲ့ သတင်းစာမှမဟုတ်ပဲ၊ အစိုးရသတင်းပဲ။”

ရှစ်လေးလုံးငွေရတုအထိမ်းအမှတ် သတင်းတွေ သတင်းဆောင်းပါးတွေ သဘောထားအမြင်တွေကို ဩဂုတ် ၈ ရက်ထုတ် ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေမှာ တစောင်လုံးလောက်နီးနီး အပြိုင်အဆိုင် ရေးသားဖော်ပြနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013