DVB Logo
Home
မြန်မာသတင်း
တံခါးရင်း​ကျေးရွာတွင် ကိုဗစ်​ထောက်ပံ့​ငွေအပြည့်အဝမရရှိမှု အောက်ခြေအထိစစ်ဆေးပေးရန် တောင်းဆို
DVB
·
November 15, 2020
တံခါးရင်း​ကျေးရွာတွင် ကိုဗစ်​ထောက်ပံ့​ငွေအပြည့်အဝမရရှိမှု အောက်ခြေအထိစစ်ဆေးပေးရန် တောင်းဆို
Donate to DVB

စစ်ကိုင်းတိုင်း​၊ ယင်းမာပင်မြို့နယ် ဗြဟ္မဒါတ်​ကျေးရွာအုပ်စု တံခါးရင်း​ကျေးရွာမှာ နိုင်ငံ​တော်က​ပေးတဲ့ ​ထောက်ပံ့​ငွေ အပြည့်အဝမ​ပေးပဲ ဖြတ်ယူထားမှုကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်ကတည်းက တိုင်ကြားထားပေမဲ့ ဒီနေ့အထိ စစ်ဆေးအရေးယူတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဗြဟ္မဒါတ်​ကျေးရွာအုပ်စု အုပ်ချုပ်​ရေးမှူးအား သမ္မတဆီ လိပ်မူပြီး စက်တင်ဘာ ၂၄ ရက်​နေ့က တိုင်တန်းခဲ့တာဖြစ်ပေမဲ့ ​အောက်​ခြေမှာ​ ဒီ​နေ့အချိန်ထိ စစ်​ဆေးမှုမရှိ​သေးဘူးလို့ ဆိုပါတယ်။

ဒေသခံပြည်သူ​တွေဟာ နိုင်ငံ​တော်ကသတ်မှတ်​ပေးတဲ့အတိုင်း အပြည့်ဝရရှိဖို့ ​တာဝန်ရှိသူတွေ ​အောက်​ခြေထိ ကွင်းဆင်းစစ်​ဆေး​ပေးဖို့ လိုလား​နေကြတာပါ။

တံခါးရင်းကျေးရွာနေ ​မယဥ်နုက “ကျမတို့ရွာ​ထောက်ပံ့​ကျေးရတာ ၁၀,၀၀၀၊ ၁၅,၀၀၀ ​လောက်ပဲရတာ။ ၂၀,၀၀၀ အပြည့်မရဘူး။ ၃ ကြိမ်ဖြတ်ခံရတာ။ ပထမအကြိမ်တုန်းက အပြည့်ရတယ်။ ဒုတိယအကြိမ်နဲ့တတိယအကြိမ်ကျ​တော့ ၅,၀၀၀ ဆီ အဖြတ်ခံရတယ်။ စတုတ္ထအကြိမ်ကျ​တော့ ၁၀,၀၀၀ အဖြတ်ခံရတယ်။ ကျမတို့က အ​ခြေခံလူတန်းစားဆို​တော့ အပြည့်ရချင်တယ်။ ဒါ့​ပေမယ့် မရဘူး။ နိုင်ငံ​တော်က​​ တဖက်တလမ်းက ထောက်ပံ့​ပေးတဲ့ဟာကို ​ကျေးဇူးလည်းတင်တယ်။ ကျမတို့အတွက်လည်း အ​ထောက်ကူရတယ်”လို့ ​ပြောပါတယ်။

​ဒေသခံ ဦး​ကျော်သင်းလှက “နိုင်ငံ​တော်က​ထောက်ပံ့​ပေးတဲ့ ကိုဗစ်​ထောက်ပံ့​ငွေ အပြည့်အဝမရရှိခဲ့တာ​ကြောင့် ၉ လပိုင်း ၂၄ ရက်​​​နေ့က တိုင်ခဲ့ပါတယ်။ နိုင်ငံ​တော်သမ္မဆီက ကျ​နော်ဆီကို ​အောက်တိုဘာ ၇ ရက်​​နေ့က ပြန်စာရခဲ့ပါတယ်။ ဒီပြန်စာကလည်း စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ကို စစ်​ဆေး​ပေးဖို့ လွှဲထားတဲ့စာပါ။ ​အောက်​ခြေမှာ​တော့ ဒီ​နေ့အချိန်ထိ စစ်​ဆေးမှု မရှိ​သေးပါဘူး။ အခု​ဝေမယ့် ၂၀,၀၀၀ ဟာလည်း ကျ​နော်တို့အုပ်စုမှာ​တော့ ​ရောက်​နေပါပြီ။ ​သရက်ကန်က ၁ အိမ်ကို ၁၀,၀၀၀ နဲ့ ဗြဟ္မဒါတ်မှာ​တော့ ၁ အိမ်ကို ၈,၀၀၀ နှုန်းနဲ့​ဝေပါတယ်။ ကျ​နော်တို့ရွာမှာ​တော့ မ​ဝေ​သေးပါဘူး။ အဲဒါ​ကြောင့် နိုင်ငံ​တော်ရဲ့ ညွှန်ကြားချက်​တွေကို ​အောက်ကပြည်သူ​တွေ အမှန်အကန် အပြည့်အဝရရှိဖို့ ​အောက်​ခြေထိ ကွင်းဆင်းပြီး စနစ်တကျ​လေး ကူညီ​စေချင်တယ်” လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးရဲလင်း​အောင်ကို ဆက်သွယ်​မေးမြန်းရာမှာ ​​ဝေတဲ့ဌာနဆိုင်ရာ​ ခေါင်း​ဆောင်နဲ့ စစ်ခိုင်းထားတယ်လို့ ​ပြောပါတယ်။

တံခါးရင်း​ကျေးရွာမှာ ကို​ဗစ်​ထောက်ပံ့​ငွေရရှိသူ အိမ်​​ထောင်စုဦး​ရေ ၁၁၅ အိမ် ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013