DVB Logo
Home
မြန်မာသတင်း
ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၈,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
DVB
·
November 15, 2020
ဟိုပုံးမြို့နယ်တွင် ငွေကျပ်သိန်း ၈,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ
Donate to DVB

ရှမ်းပြည်နယ် ဟိုပုံးမြို့နယ်မှာ ငွေကျပ် သိန်း ၈,ဝ၀ဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းဆီးရမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်လောက်က လွိုင်လင်မြို့အထွက်၊ လွိုင်လင်-တောင်ကြီးသွားကားလမ်း၊ ဟိုတင့်ကျေးရွာအနီးမှာ လွိုင်လင်ဘက်မှ တောင်ကြီးဘက် မောင်းနှင်လာတဲ့ ခဲရောင်မော်တော်ယာဉ်တစီး ရှာဖွေစစ်ဆေးတဲ့နေရာ မရောက်မီ မသင်္ကာဖွယ်ရပ်တန့်သွားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

သွားရောက်စစ်ဆေးဖို့ လုပ်နေတုန်း Revo အမျိုးအစားမော်တော်ယာဉ်နဲ့ Ford အမျိုးအစား မော်တော်ယာဉ်တို့ ထပ်မံရောက်ရှိလာပြီး အဲဒီမော်တော်ယာဉ် ၃ စီးဟာ ဟိုတင့်ကျေးရွာအတွင်း မောင်းနှင်ထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဖမ်းဆီးရမိရေးအတွက် အဖွဲ့တွေခွဲပြီး ဆောင်ရွက်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ် အချိန်လောက်မှာ ဟိုပုံးမြို့အဝင် ဆီဆိုင်အနီး စိုင်းဝမ်းလျန်း မောင်းနှင်ပြီး စိုင်းဆန်ကို လိုက်ပါလာတဲ့ Platana အမျိုးအစား ခဲရောင်ယာဉ်အား စတင်ဖမ်းဆီးရမိခဲ့ပါတယ်။

ည ၇ နာရီခွဲ အချိန်လောက်မှာလည်း လွိုင်လင်-တောင်ကြီးကားလမ်း၊ မိုင်တိုင်(၁၀၁/ဝ)အနီးမှာ Ford အမျိုးအစားမော်တော်ယာဉ်အား ပိတ်ဆို့တားဆီးစဉ် နောက်ပြန်လှည့် မောင်းပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးရာ မော်တော်ယာဉ်မှာ လမ်းဘေးလျှိုအတွင်းထိုးကျသွားပြီး ယာဉ်ပေါ်ပါသူ ၂ ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

 အဲဒီယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှာ ဆာလာအိတ်တွေနဲ့ ထည့်ထားတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၈ဝဝ,ဝဝဝ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ တချိန်တည်းမှာပဲ ဟိုပုံးမြို့အဝင် ရေထွက်အနီးမှာ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မနန်းဆိုင်ထွေးနဲ့ ခင်ပွန်း မောင်သန်း(ခ)ကျော်ခင် တို့အား Revo အမျိုးအစား မော်တော်ယာဉ်နဲ့အတူ ဆက်လက်ဖမ်းဆီးရမိခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ စိတ်ကြွရူးသွပ်ဆေးပြာ‌ေတွေအရ သယ်ဆောင်လာတဲ့ မော်တော်ယာဉ်ပေါ်မှ ထွက်ပြေးလွတ်မြောက်သွားသူ ၂ ဦးမှာ စိုင်းယဉ်နဲ့ စိုင်းနော်ခမ်း တို့ ဖြစ်ကြောင်း သိရှိရပါတယ်။

မနန်းဆိုင်ထွေး၊ မောင်သန်း(ခ)ကျော်ခင်၊ စိုင်းဝမ်းလျန်း၊ စိုင်းဆန်ကို (ခ) စိုင်းကွမ်ခေး၊ စိုင်းယဉ်နဲ့ စိုင်းနော်ခမ်း (တိမ်းရှောင်) တို့အား မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်တရားခံတွေ ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013